Knowledge

လူသားတွေကို စစ်တုရင် အရုပ်တွေအဖြစ် သုံးခဲ့တဲ့ စစ်တုရင်ထိုးပွဲ


လူသားတွေကို စစ်တုရင် အရုပ်တွေအဖြစ် သုံးခဲ့တဲ့ စစ်တုရင်ထိုးပွဲ (Uni)

ဒီပွဲကိုတော့ ၁၉၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ရုရှား ၊ စိန့်ပီတာစ်ဘတ်မြို့က နန်းတော်ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ ရုရှားချက်အကျော်အမော်တွေဖြစ်တဲ့ Peter Romanovsky နဲ့ Ilya Rabinovich တို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။
ဒီပွဲမှာ အနက်ဘက်ကအရုပ်တွေနေရာမှာ ဆိုဗီယက်တပ်နီတော်စစ်သည်တွေက ကိုယ်စားပြုပါဝင်ခဲ့ပြီး အဖြူရုပ်တွေအဖြစ် ဆိုဗီယက်ရေတပ်စစ်သည်တွေ ပါဝင်ခဲ့ကြပါတယ်။ ပရိသတ်ပေါင်း ၈၀၀၀ ကျော်တက်ရောက်ကြည့်ရှု့ခဲ့တဲ့ပွဲဖြစ်ပါတယ်။
ပြိုင်ပွဲဝင်သူနှစ်ဦးဟာ အကွက်တွေကို တယ်လီဖုန်းကနေ တဆင့်ပြောရွှေ့ကာ ပြိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ တပွဲလုံးအနေနဲ့ အချိန် ၅ နာရီကြာမြင့်ခဲ့ပြီးတဲ့နောက် တဘက် နဲ့ တဘက် အနိုင်မရပဲ သရေကျသွားခဲ့ပါတယ်။ စစ်တုရင်ပွဲကို ဒီလိုလူအစစ်တွေနဲ့ သုံးကာ ကျင်းပခဲ့ရခြင်းအကြောင်းကတော့ ရုရှားမှာ စစ်တုရင်အားကစားကို ပိုမိုတွင်ကျယ်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
——- ——— ———

လူသားတွေကို စစ်တုရင် အရုပ်တွေအဖြစ် သုံးခဲ့တဲ့ စစ်တုရင်ထိုးပွဲ (Zawgyi)
ဒီပွဲကိုတော့ ၁၉၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ရုရှား ၊ စိန့်ပီတာစ်ဘတ်မြို့က နန်းတော်ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ ရုရှားချက်အကျော်အမော်တွေဖြစ်တဲ့ Peter Romanovsky နဲ့ Ilya Rabinovich တို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။
ဒီပွဲမှာ အနက်ဘက်ကအရုပ်တွေနေရာမှာ ဆိုဗီယက်တပ်နီတော်စစ်သည်တွေက ကိုယ်စားပြုပါဝင်ခဲ့ပြီး အဖြူရုပ်တွေအဖြစ် ဆိုဗီယက်ရေတပ်စစ်သည်တွေ ပါဝင်ခဲ့ကြပါတယ်။ ပရိသတ်ပေါင်း ၈၀၀၀ ကျော်တက်ရောက်ကြည့်ရှု့ခဲ့တဲ့ပွဲဖြစ်ပါတယ်။
ပြိုင်ပွဲဝင်သူနှစ်ဦးဟာ အကွက်တွေကို တယ်လီဖုန်းကနေ တဆင့်ပြောရွှေ့ကာ ပြိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ တပွဲလုံးအနေနဲ့ အချိန် ၅ နာရီကြာမြင့်ခဲ့ပြီးတဲ့နောက် တဘက် နဲ့ တဘက် အနိုင်မရပဲ သရေကျသွားခဲ့ပါတယ်။ စစ်တုရင်ပွဲကို ဒီလိုလူအစစ်တွေနဲ့ သုံးကာ ကျင်းပခဲ့ရခြင်းအကြောင်းကတော့ ရုရှားမှာ စစ်တုရင်အားကစားကို ပိုမိုတွင်ကျယ်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
#credit original poster