Celebrities

“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းခဲ့တဲ့ နေတိုး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော နေတိုးကတော့ သဘင်ပညာရှင်များရဲ့ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက် အလှူငွေတွေထပ်မံလှူဒါန်းပေးလိုက်ပြန်ပါတယ်။ နေတိုးကတော့ ဒီနေ့မှာပဲ “ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထာခဲ့တာပဲဖြစ်ပါတယ်။
အလှူလေးပြုလုပ်ခဲ့တဲ့အကြောင်းလေးနဲ့အတူ “ကုသိုလ်လည်း ရဝမ်းလည်းဝ ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခုကိုသွားသတိရမိပါတယ်။ ကောင်းသောအသက်မွေးခြင်းဖြင့် ကုသိုလ်လည်းရဝမ်းလဲဝသကဲ့သို့ ကောင်းသော အမှုကို သူတစ်ပါးအတွက်စေတနာကောင်းနှင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်းတစ်ပါတည်းပြည်စုံတယ်လို့ဆိုလိုတာပါ။အလှူလုပ်ချင်လို့ အစားအသောက်များကိုအခုလိုonlineပေါ်ကနေ မှာယူလို့ရအောင်ကြိုးနေကြတဲ့သဘင်ပညာရှင်တွေရော မှာယူစားသောက်ကြတဲ့မိဘပြည်တွေအားလုံးအားလုံးဟာ” ကုလိုလ်လည်းရဝမ်းလည်ဝ “ဆိုတဲ့အတိုင်း လောကိအတွက်ကောလောကုတ္တရာ အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရစေမှာအမှန်ပဲဖြစ်ပါတယ်။
ဒါကြောင့်မလို့ လက်လှမ်းမီသောပြည်သူများအနေဖြင့်သဘင်အနုပညာရှင်များရဲ့ နှလုံးသားဖြင့် ချက် ပြုတ် ကြော် လှော် ထားသော အစားအစာဟင်းပွဲများကို မှာယူစားသုံးရင်း။ ကုသိုလ်လည်းရဝမ်းလည်းဝ ကြပါစေ။ ပရိသတ်များအလုံးကိုလည်းကုသိုလ်အမျှပေးဝေပါတယ်ခင်ဗျာ” လို့ ပရိသတ်တွေကိုလည်း အွန်လိုင်းဈေးရောင်းပွဲတော်ကြီးမှာ လက်လှမ်းမှီသလောက် ဝယ်ယူစားသောက်ပြီး အလှူလေးမှာပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်
Chilli – CeleGabar
Source – Nay Toe
#credit original poster