Celebrities

အသက် (၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သာသားလေး

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် နိုင်ငံလက်ရွေးစင် ဘောလုံးကစားသမား အောင်သူနဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ရဲ့သာချောလေး သွင်ဦးဟန်ရဲ့ အသက် (၁)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ် နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ သားသားလေးရဲ့မွေးနေ့လေးအတွက်ကို ဖေဖေအောင်သူနဲ့ မေမေ ပိုးအိအိခန့်တို့က ဗောဓိဓာတ်ပေါင်း စစ်ကိုင်ကျောင်းမှာ မဟာမြတ်ပဌာန်းပူဇော်ခြင်း၊ သိက္ခာထပ်မင်္ဂလာပြုခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၊ သိမ်ဆင်းလောင်းခြင်း၊ ရသာမွန်ဒံပေါက်ဖြင့် ဆွမ်းကပ်လှူခြင်း တို့ကို ပြုလုပ်လှူဒါန်းခဲ့ပြီး မွေးနေ့အလှူပွဲလေးကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဖေဖေအောင်သူကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သားသားလေးရဲ့ မွေးနေ့လေးအတွက် မွေးနေ့ပွဲလေးကျင်းပပြုလုပ်ဖြစ်တာကြောင့် ဝမ်းသာဂုဏ်ယူမိနေကြောင်းနဲ့ သားသားလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုထားပါသေးတယ်။ပရိသတ်ကြီးတွေလည်း သာသားလေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။

Chilli – CeleGabar
Source – Poe Ei Ei Khant, Aung Thu
#credit original poster