Celebrities

စိတ်ခံစားချက်နဲ့လုပ်ရတဲ့ သရုပ်ဆောင်အလုပ်ကို လူတွေနားလည်ပေးစေချင်တယ်ဆိုတဲ့ ခင်သဇင်

ခင်သဇင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေသတိထားမိကြတဲ့ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်ကပြီးစီးသွားတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း ပါဝင်ထားသလို အနပညာအလုပ်တွေကို တောက်လျှောက်လုပ်နေခဲ့တာပါ။ သရုပ်ဆောင်ကောင်းသလို ပရဟိတစိတ်ဓာတ်ရှိတဲ့ မင်းသမီးတစ်လက်အဖြစ်လည်း ပရိသတ်တွေအသိအမှတ်ပြုခံထားရတာပါ။

ခင်သဇင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ကြိုးစားနေတာနဲ့ပတ်သက်ပြီး “ဇာတ်လမ်းတို သရုပ်ဆောင်မှု တစ်ခု အတွက် မန္တလေးကို ရောက်နေရင်းမနက်စောစောစီးစီး အပြင် အဆင်မပြေမှု သေးသေးလေး အတွက် ငိုပြီးသွားပြီ…ရိုက်ကူးရေး နေ့တွေဆို အပြင် stress တွေ ခံနိုင်ရည် မရှိလို့ ရှူတင်မှာ အခန်း တံခါးပိတ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေး နေလေ့ရှိတယ်…အခုလည်း သာမာန်နေ့ တွေ ဘာလာလာ မဖြုံတတ်တဲ့ ကိုယ်က ရိုက်ကူးရေးနေ့တွေဆို ဘာလေး ဖြစ်ဖြစ် ဘာတစ်ခုမှ ခံနိုင်ရည် မရှိနေဘူး…ကိုယ့်ကိုကိုယ်လည်း အဲဒီ အချက်ကို မကြိုက်ဆုံး..သရုပ်ဆောင် အလုပ်ဆိုတာ စိတ်ခံစားချက်နဲ့ လုပ်ရတဲ့ အလုပ်ဆိုတာ လူတွေသာ နားလည်ပေးရင် အရမ်းကောင်းမှာပဲ” ဆိုပြီးရင်ဖွင့်ရေးသားထားပါသေးတယ်။

ခင်သဇင်ကတော့ သရုပ်ဆောင်အလုပ်ကိုချစ်မြတ်နိုးသူဖြစ်ပြီး အစွမ်းကုန်စိတ်နှစ်ကာသရုပ်ဆောင်လေ့ရှိသူပါ။ သူကတော့ သရုပ်ဆောင်တဲ့ဇာတ်ရုပ်ကိုအားစိုက်လွန်းတာကြောင့် လက်တွေ့ဘဝမှာအဆင်မပြေပဲ ရူးကြောင်ကြောင်ဖြစ်ရတဲ့အထိကို ခံစားရတဲ့အကြောင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ အခုလည်း ရှူတင်မှာစိတ်ခံစားလွယ်တာကြောင့် တံခါးပိတ်ပြီးနေရတဲ့အထိပါပဲတဲ့ ပရိသတ်ကြီးရေ…
Source : KhinThazin
#CREDIT ORIGINAL POSTER