Celebrities

အမေဖြစ်သူရဲ့မွေးနေ့မှာ မြေးမြစ်တွေရတဲ့အထိ အသက်ရှည်စေဖို့ဆုတောင်းပေးလိုက်တဲ့ အိမ့်ချစ်

မြန်မာပြည်ကပရိသတ်တွေ မသိသူမရှိလောက်အောင်ကျော်ကြားတဲ့ အနုပညာရှင်တွေထဲမှာ အိမ့်ချစ်တစ်ယောက်လည်း အပါအဝင်ပါ။ အနုပညာမျိုးဆက်တစ်ယောက်လည်း ဖြစ်သလိုကိုယ်ပိုင်အနုပညာအရည်အချင်တွေနဲ့ ပရိသတ်တွေအားပေးမှုအခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။

အိမ့်ချစ်ကတော့မိသားစုကိုအလွန်ဂရုစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အမေဖြစ်သူမွေးနေ့မှာလည်း သတိတရဆုတောင်းပေးဖို့မေ့မနေခဲ့ပါဘူး။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “Happy Birthday မေကြီး မွေးနေ့ကစ၍ရာသက်ပန်ပျော်ရွှင်ပါစေ။ ဒီထက်မကအလှူအတန်းတွေလုပ်နိုင်ပြီးသာသနာပြုနိုင်ပါစေ။ သားသမီးတွေပြီးတော့ မြေးမြစ်တွေကိုပါ ဆက်လက်စောင့်ရှောက်ပေးပါ ။ Love You Mom” ဆိုပြီးတော့ ရေးသားထားတာပါ။

အိမ့်ချစ်ကတော့ မကြာသေးခင်ကပဲလက်ထပ်သွားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်အမေဖြစ်သူကို မြေးမြစ်တွေအထိပါဆက်လက်စောင့်ရှောက်နိုင်တဲ့အထိ အသက်အရှည်ကြီးနေသွားစေဖို့ဆုမွန်ကောင်းတောင်းလိုက်တာပါ။ ပျော်ရွှင်စရာမိသားစုဘဝလေးကို နှစ်ပေါင်းများစွာ ဖြတ်သန်းသွားနိုင်ပါစေနော်..
Source : EintChit
#credit original poster