Knowledge

အဆောက်အဦးကြီး တခုလုံးကို အသေးစိတ် တကိုယ်တော် ဖန်တီးပြခဲ့သူ

သူ့နာမည်ကတော့ Joshua Smith ဖြစ်ပြီး သြစတြေးလျတောင်ပိုင်းက Adelaide မြို့မှာ နေထိုင်ပါတယ်။ သူဟာ အဲဒီမြို့မှာရှိတဲ့ Espionage အနုပညာပြခန်းရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ဝါသနာကတော့ ပစ္စည်းပိစိကွေးလေးတွေကို ဖန်တီးရတာ Miniature Sculpture နဲ့ ပန်းချီဆွဲရတာ ဖြစ်ပါတယ်။

အခုဆိုရင် သူဒီလိုဖန်တီးလာခဲ့တဲ့ သက်တမ်းဟာ ၁၇နှစ်ထက် မနည်းရှိသွားပါပြီ။ သူ့ရဲ့အနုပညာလက်ရာတွေကိုတော့ သြစတြေးလျ နဲ့ ကနေဒါ မြို့ကြီးအချို့ရဲ့လမ်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကမ္ဘာ့မြို့ကြီးတော်တော်များများမှာလည်း သူ့ရဲ့အနုပညာပြပွဲပေါင်း ၁၉၀ လောက်ကို ပြသပြီးခဲ့ပြီဖြစ်ပါတယ်။

ပစ္စည်းတွေ အဆောက်အဦးတွေကို မော်ဒယ်အသေးတွေဖန်တီးရတာကို နှစ်သက်တဲ့သူ့ရဲ့အနုပညာလက်ရာတွေထဲက နာမည်ကျော်တခုကတော့ ဟောင်ကောင်က အဆောက်အဦးကြီးတလုံးကို ပုံစံတူ သေးငယ်တဲ့အရွယ်အစားအဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ တိုက်ခန်းတွဲကြီးတစ်တွဲလုံးကို အသေးစိတ်ဖန်တီးပြလိုက်တာပါ။ ဘယ်လောက်အသေးစိတ်သလဲဆိုတာကိုတော့ ကိုယ်တိုင်စေ့စေ့စပ်စပ်ကြည့်ကြည့်ပါ။
ဒီလိုဖန်တီးရာမှာ သူအဓိက သုံးစွဲခဲ့တာကတော့ သစ်သား ၊ ပလတ်စတစ် ၊ မြေဖြူ ၊ ကတ်ထူပြား ၊အရောင်မှုတ်ဆေး ၊ ဝါယာကြိုး စတာတွေပဲဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုလက်ရာကို ၂၀၁၇ ခုနှစ်က နယူးယောက် မှာကျင်းပခဲ့တဲ့ VOLTA အနုပညာပြပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။

ပစ္စည်းပိစိကွေးလေးတွေကအစ တခုမကျန် ဖန်တီးပြခဲ့ပါတယ်။ ဒီလို အသေးစိတ် ရှာဖွေဖန်တီးရတာဟာ အတော်လက်ဝင်မယ့်အလုပ်ပါ။ ဒီတိုက်ခန်းတွဲဟာ အပြင်မှာတကယ်ရှိပြီး ဟောင်ကောင် Kowloon မြို့ Temple လမ်းမှာရှိခဲ့တာပဲဖြစ်ပါတယ်။ Smith က ဒီတိုက်ကို ဓာတ်ပုံရိုက်ယူလာခဲ့ပြီး အသေးစိတ်ပြန်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကြည့်ကြည့်ပါဦး(Zawgyi)

အဆောက်အဦးကြီး တခုလုံးကို အသေးစိတ် တကိုယ်တော် ဖန်တီးပြခဲ့သူ
သူ့နာမည်ကတော့ Joshua Smith ဖြစ်ပြီး သြစတြေးလျတောင်ပိုင်းက Adelaide မြို့မှာ နေထိုင်ပါတယ်။ သူဟာ အဲဒီမြို့မှာရှိတဲ့ Espionage အနုပညာပြခန်းရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ဝါသနာကတော့ ပစ္စည်းပိစိကွေးလေးတွေကို ဖန်တီးရတာ Miniature Sculpture နဲ့ ပန်းချီဆွဲရတာ ဖြစ်ပါတယ်။

အခုဆိုရင် သူဒီလိုဖန်တီးလာခဲ့တဲ့ သက်တမ်းဟာ ၁၇နှစ်ထက် မနည်းရှိသွားပါပြီ။ သူ့ရဲ့အနုပညာလက်ရာတွေကိုတော့ သြစတြေးလျ နဲ့ ကနေဒါ မြို့ကြီးအချို့ရဲ့လမ်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကမ္ဘာ့မြို့ကြီးတော်တော်များများမှာလည်း သူ့ရဲ့အနုပညာပြပွဲပေါင်း ၁၉၀ လောက်ကို ပြသပြီးခဲ့ပြီဖြစ်ပါတယ်။

ပစ္စည်းတွေ အဆောက်အဦးတွေကို မော်ဒယ်အသေးတွေဖန်တီးရတာကို နှစ်သက်တဲ့သူ့ရဲ့အနုပညာလက်ရာတွေထဲက နာမည်ကျော်တခုကတော့ ဟောင်ကောင်က အဆောက်အဦးကြီးတလုံးကို ပုံစံတူ သေးငယ်တဲ့အရွယ်အစားအဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ တိုက်ခန်းတွဲကြီးတစ်တွဲလုံးကို အသေးစိတ်ဖန်တီးပြလိုက်တာပါ။ ဘယ်လောက်အသေးစိတ်သလဲဆိုတာကိုတော့ ကိုယ်တိုင်စေ့စေ့စပ်စပ်ကြည့်ကြည့်ပါ။

ဒီလိုဖန်တီးရာမှာ သူအဓိက သုံးစွဲခဲ့တာကတော့ သစ်သား ၊ ပလတ်စတစ် ၊ မြေဖြူ ၊ ကတ်ထူပြား ၊အရောင်မှုတ်ဆေး ၊ ဝါယာကြိုး စတာတွေပဲဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုလက်ရာကို ၂၀၁၇ ခုနှစ်က နယူးယောက် မှာကျင်းပခဲ့တဲ့ VOLTA အနုပညာပြပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။

ပစ္စည်းပိစိကွေးလေးတွေကအစ တခုမကျန် ဖန်တီးပြခဲ့ပါတယ်။ ဒီလို အသေးစိတ် ရှာဖွေဖန်တီးရတာဟာ အတော်လက်ဝင်မယ့်အလုပ်ပါ။ ဒီတိုက်ခန်းတွဲဟာ အပြင်မှာတကယ်ရှိပြီး ဟောင်ကောင် Kowloon မြို့ Temple လမ်းမှာရှိခဲ့တာပဲဖြစ်ပါတယ်။ Smith က ဒီတိုက်ကို ဓာတ်ပုံရိုက်ယူလာခဲ့ပြီး အသေးစိတ်ပြန်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကြည့်ကြည့်ပါဦး


#credit original poster