Celebrities

Facebook ဆယ်လီတစ်ယောက်ကို အားကျပြီးကြိုးစားခဲ့လို့ ခုလိုအောင်မြင်ခဲ့တာဆိုတဲ့ နေဆန်း

မွန်တိုင်းရင်းသားလေး နေဆန်းကတော့ ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း လူသိများလာခဲ့တဲ့ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပဲဖြစ်ပါတယ် ။ ခုနောက်ပိုင်းမှာတော့ အားပေးဝန်းရံနေကြတဲ့ ပရိသတ်တွေအများကြီးရလာပြီး အလုပ်တွေ လည်း အများကြီးလာအပ်ကြတဲ့အတွက် ပိုပြီးအောင်မြင်လာတယ်လို့ဆိုရမှာပါ

နေဆန်းခုလိုမအောင်မြင်ခင်က သူအားကျခဲ့ရတဲ့ ဆယ်လီတစ်ယောက်ရှိခဲ့ပြီး သူမကတော့ ပရိသတ်တွေအားလုံး သိပြီးဖြစ်တဲ့ ရတနာမိုးပဲဖြစ်ပါတယ် ။ ငယ်ငယ်တုန်းက အတူသွား အတူစား အတူအလှပြင် သူ့ကိုအရမ်းအားကျလို့ သူ့အနောက်အမြဲလိုက်ခဲ့ပြီး သူ့လို အောင်မြင်ချင်တယ် like များချင်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။ အခုတော့ကြိုးစားသမျှအားလုံး အရာထင်ခဲ့ပြီး သူမလည်းသူမကြိုးစားအားထုတ်မူကြောင့်အောင်မြင်နေပြီး
နေဆန်းကိုလည်း ရှေ့ကနေဦးဆောင်လမ်းပြပေးခဲ့လို့ အခုလို့အနေထားကိုရောက်ခဲ့တာပါ လို့ရေးသားဖော်ပြထားပါတယ် ။

သူမ ကိုအရမ်းလည်းကျေးဇူးတင်သလို အခုလိုအောင်မြင်လာတဲ့အတွက်လည်း အရမ်းလည်းပိတိဖြစ်မိတယ်လို့လည်း ရေးသားထားပါသေးတယ် ။ လူတိုင်းလူတိုင်းကမဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာဘဲရှိလို့ ဖြစ်ချင်ရင်ကြိုးစားကြပါလို့ နေဆန်းက ပရိသတ်တွေကို ခွန်အားပေးခဲ့ပါသေးတယ် ။

Source : Nay Sann
Emily (Cele Gabar)
#credit original poster