Celebrities

ပိုသူလှူ လိုသူကူ အစီစဉ်အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဦးခင်လှိုင် တို့ဇနီးမောင်နှံ

ပရိသတ်အချစ်တော် နိုင်ငံကျော် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ကတော့ ပရိသတ်တွေကို သူချစ်တဲ့အနုပညာနဲ့ နှစ်ပေါင်း များစွာပေးဆပ်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အနုပညာညီအစ်ကိုမောင်နှမတွေရော ပရိသတ်တွေကပါ ချစ်ရတဲ့ ဦးခင်လှိုင်ကတော့ အလှူအတန်းမှာလက်မနှေးပဲ တတ်အားသမျှပါဝင်ကူညီ လှူဒါန်းတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။

ဦးခင်လှိုင် ဦးစီးထားတဲ့ ဇဝန page လေးကနေတဆင့် သက်ကြီးရွယ်အို ဟာသ လူရွှင်တော်တွေအတွက် လစဉ်လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးနေပါသေးတယ် ။ လတ်တလောမှာတော့ ဦးခင်လှိုင်က ပိုသူလှူ လိုသူကူ အစီစဉ်အတွက် တတ်နိုင်သမျှလေးပါဝင်လှူဒါန်းခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ပိုနေလို့လှူတာတော့မဟုတ်ပေမယ့် ကိုယ့်ထက်လိုနေမယ့် သူတွေအတွက် နိုင်သမျှအားလေးနဲ့ကူညီတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါသေးတယ် ။


ပိုသူလှူ လိုသူကူ အစီအစဉ် အတွက် ကိုခင်လှိုင်+မငယ် မိသားစု မှ အလှူငွေ ၁၁၀,၀၀၀/ကျပ် တိတိ လှူဒါန်းခဲ့တဲ့အတွက် ပိုသူလှူ PAGE ကနေတဆင့် အလှူအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုကြောင်းရေးသားဖော်ပြထားပါသေးတယ် ။ ဦးခင်လှိုင်တို့ ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့အလှူလေးကို ပရိသတ်ကြီး သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Hlaing
Emily (Cele Gabar )
#credit original poster