Celebrities

နှစ်ယောက်အတူသရုပ်ဆောင်ထားတဲ့ MTV က ကြည့်ရှုသူအများဆုံး စံချိန်ကို ချိုးလိုက်နိုင်ပြီဆိုတဲ့ ရွှေထူး

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ” မိုးစက်များကပြောသော ” သီချင်း MTV ဟာ ကြည့်ရှုသူငါးသိန်းကျော် သွားပြီဖြစ်ပြီး အရင်တုန်းက ကိုယ်တိုင်ပါဝင်ပြီး ရိုက်ကူးခဲ့တဲ့ သီချင်း MTV တွေထက် ကြည့်ရှုသူနှုန်း ပိုမိုများပြားကြောင်း ရွှေထူးက ပြောပြခဲ့ပါတယ်။ ချစ်ဇနီးလေးနဲ့ အတူသီဆိုမှုမှာ ဒါဟာဒုတိယတစ်ပုဒ်ဖြစ်ပြီး ပထမတစ်ပုဒ်မှာလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ပါ တယ်။

သရုပ်ဆောင်မင်းသမီးဖြစ်ပေမယ့်လည်း ရွှေမှုံတစ်ယောက် သီချင်းသီဆိုတဲ့အပိုင်းမှာ ခင်ပွန်းဖြစ်သူရဲ့သင်ပြပေးမှုတွေရော ပင်ကိုယ် အသံရဲ့ကောင်းမွန်မှုတွေရောကြောင့် ဒီသီချင်းလေးဟာ ဆွေးဆွေးမြေ့မြေ့လေးနဲ့ နားဆင်သူတိုင်းကို ခံစားချက်တွေ အတူတူစီးမျော စေနိုင်ခဲ့ပါတယ်။ သီချင်း MTV ဟာလည်း သရုပ်ပါလွန်းလို့ လူကြိုက်များနေခဲ့ပါတယ်။

ကြည့်ရှုသူနှုန်းမြင့်တက်ခဲ့ရတဲ့အကြောင်းကို ရွှေထူးက ” ကျွန်တော့်ရဲ့ Page က တင်ခဲ့သမျှ ကျွန်တော်ပါဝင်တဲ့ Music Video ထဲမှာ Likes / Shares / Views အများဆုံး ဖြစ်ခဲ့သော မိုးစက်များကပြောသော ကြည့်ရှုအကြံပေးအားပေးသူများအားလုံးကို ကျေးဇူးတင် ပါတယ် ခင်ဗျာ P.S မင်းသမီးပါတော့ ပိုစိတ်ဝင်စားတာပေါ့နော ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ဝမ်းသာအားရပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Htoo Khant

(ဇော်ဂျီဖြင့်ဖတ်ရန်)

နှစ်ယောက်အတူသရုပ်ဆောင်ထားတဲ့ MTV က ကြည့်ရှုသူအများဆုံး စံချိန်ကို ချိုးလိုက်နိုင်ပြီဆိုတဲ့ ရွှေထူးပြီးခဲ့တဲ့ရက်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ” မိုးစက်များကပြောသော ” သီချင်း MTV ဟာ ကြည့်ရှုသူငါးသိန်းကျော်သွားပြီဖြစ်ပြီး အရင်တုန်းက ကိုယ်တိုင်ပါဝင်ပြီး ရိုက်ကူးခဲ့တဲ့ သီချင်း MTV တွေထက် ကြည့်ရှုသူနှုန်း ပိုမိုများပြားကြောင်း ရွှေထူးက ပြောပြခဲ့ပါတယ်။ ချစ်ဇနီးလေးနဲ့ အတူသီဆိုမှုမှာ ဒါဟာဒုတိယတစ်ပုဒ်ဖြစ်ပြီး ပထမတစ်ပုဒ်မှာလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသမီးဖြစ်ပေမယ့်လည်း ရွှေမှုံတစ်ယောက် သီချင်းသီဆိုတဲ့အပိုင်းမှာ ခင်ပွန်းဖြစ်သူရဲ့သင်ပြပေးမှု တွေရော ပင်ကိုယ်အသံရဲ့ကောင်းမွန်မှုတွေရောကြောင့် ဒီသီချင်းလေးဟာ ဆွေးဆွေးမြေ့မြေ့လေးနဲ့ နားဆင်သူ တိုင်းကို ခံစားချက်တွေ အတူတူစီးမျောစေနိုင်ခဲ့ပါတယ်။ သီချင်း MTV ဟာလည်း သရုပ်ပါလွန်းလို့ လူကြိုက်များ နေခဲ့ပါတယ်။

ကြည့်ရှုသူနှုန်းမြင့်တက်ခဲ့ရတဲ့အကြောင်းကို ရွှေထူးက ” ကျွန်တော့်ရဲ့ Page က တင်ခဲ့သမျှ ကျွန်တော်ပါဝင်တဲ့ Music Video ထဲမှာ Likes / Shares / Views အများဆုံး ဖြစ်ခဲ့သော မိုးစက်များကပြောသော ကြည့်ရှုအကြံပေးအားပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ P.S မင်းသမီးပါတော့ ပိုစိတ်ဝင်စားတာပေါ့နော ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ဝမ်းသာ အားရပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Htoo Khant
#credit original post