Celebrities

အာဇာနည်နေ့မှာ ရန်ကုန်မြို့ကသမိုင်းဝင်အဆောက်အဦးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးဖို့ကြိုးစားနေတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ နာမည်ကြီးဘလော့ဂါတစ်ယောက်ဖြစ်သလို မင်းသမီးတစ်လက်အနေနဲ့လည်း အနုပညာအလုပ်တွေလုပ်ကိုင်လာတာကြောင့် မသိသူရယ်လို့မရှိလောက်ပါဘူးနော်။ လွတ်လပ်ပွင့်လင်းတဲ့ပြောဆိုနေထိုင်မှုပုံစံကိုမနှစ်သက်သူတွေက ဝေဖန်မှုတွေကြမ်းကြပေမဲ့ အားကျအတုယူစရာအချက်တွေလည်း ရှိနေတဲ့သူလည်းဖြစ်ပါတယ်။ အခုလည်း အထင်ကြီးစရာအလုပ်တစ်ခုကိုလုပ်လိုက်ပြန်ပါပြီ။
နေခြည်ကတော့ ဒီတစ်ခေါက်မှာအလှအပတွေအကြောင်းကို vlog ရိုက်ထားတာမဟုတ်ဘဲ မြန်မာလူမျိုးတွေအတွက်ဗဟုသုတရစရာတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို “ရန်ကုန်သူဖြစ်ပေမယ့် ဒီတစ်ခေါက်လိုမျိုး တစ်ခါမှ Yangon Heritage Sites တွေကို နှံ့နှံ့စက်စက် လိုက်မကြည့်ဖူးဘူး။ ဒီလိုမျိုး တန်ဖိုးဖြတ်မရတဲ့ အမွေအနှစ်တွေကို သေသေချာချာ မွမ်းမံပြီး လူအများ လာရောက် လေ့လာနိုင်အောင်လုပ်ပေးထားတာတွေအတွက်လည်း တာဝန်ရှိ လူကြီးတွေကိုလဲ အရမ်း ကျေးဇူးတင်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦ:တွေကို တစ်ခါလောက် သူငယ်ချင်းတွေနဲ့စုပြီးဖြစ် ဖြစ် လေ့လာသင့်တယ်။ နေခြည် ဒီသွားရောက်လေ့လာထားတဲ့ tour လေးအကြောင်းကို ဒီည beautybynaychi page မှာ vlog တင်ပေးမှာဆိုတော့ see first လုပ်ထားဖို့လဲ မမေ့ပါနဲ့နော်။ အာဇာနည်နေ့ တို့မမေ့” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။ ရန်ကုန်မြို့ကြီးမှာတော့ သမိုင်းဝင်အဆောက်အဦးတွေအများကြီးရှိသလို နှစ်ပေါင်းများစွာသက်တမ်းတွေရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလိုအဆောက်အဦးတွေနောက်ကွယ်က သမိုင်းကြောင်းတွေဗဟုသုတတွေက သိတဲ့သူတွေရှိသလို မသိတဲ့သူတွေရှိပါတယ်။ ခြည်ခြည်ကတော့ စိတ်ကူးကောင်းလေးတွေနဲ့ အခြားသူတွေပါသိအောင်မျှဝေပေးမှာပါတဲ့ ပရိသတ်ကြီးရေ…
#credit original opster