Celebrities

ရှမ်းပြည်တစ်ဝိုက်မှာ ဘုရားဖူးထွက်နေတဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေလာတဲ့ ဟန်တီ

မော်ဒယ်လ်၊မင်းသမီးချောလေးဟန်တီကတော့ အနုပညာလောကထဲစတင်ဝင်ရောက်လာကတည်းက ပရိသတ်အချစ်ကိုသိမ်းပိုက်ထားသူလေးပါ။ မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ယောက်အဖြစ် ဆုတွေရရှိခဲ့သလို မော်ဒယ်လ်အနေနဲ့လည်း အာရှတောက်ပတဲ့မော်ဒယ်တစ်လက်အဖြစ် ဆုကို ရရှိထားသူပါ။ ဒါတင်မကသေးပဲ မြန်မာ့ဂုဏ်ဆောင် ကိုလည်း ပိုင်ဆိုင်ထားသူပါ။

သူရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကိုချပြလေ့ရှိတဲ့ဟန်တီကတော့ အခုလည်း ပျော်ရွှင်စရာခရီးစဉ်လေးအကြောင်းကို ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ဟန်တီကတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကလေမြို့ကိုရောက်ရှိနေပြီး တောင်ကြီး၊အင်းလေးကို လာလည်ဦးမယ့်အကြောင်းကို အသိပေးထားပါသေးတယ်။ အခုလည်း ဘုရားဖူးနေတဲ့ပုံရိပ်လေးတွေနဲ့အတူ “ညောင်ရွှေမြို့နယ် ရွှေအင်းတိမ်ဘုရားဖူး အမှတ်တရ….” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားထားပါသေးတယ်။
ဟန်တီကတော့ အနုပညာအလုပ်တွေမှာလည်း ကြိုးးစားသလို လိမ္မာရေးခြားရှိပြီး ဘာသာတရားကိုင်းရှိုင်းသူလေးလို့လည်း ဆိုရမှာပါ။ အခုလည်း ပရိသတ်တွေနဲ့အဆက်မပြတ်ရအောင်သူ့ရဲ့ခရီးစဉ်လေးကို အဆက်မပြတ်မျှဝေပေးလာခဲ့ပါပြီ။
Source : HanThi
#credit original poster