ဒီနေ့ ဇူလိုင်လ(၁၉) ရက်နေ့လေးကတော့ ချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့အပြုံးပိုင်ရှင်လေး လင်းဇာနည်ဇော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ မင်းသမီးလေးဖြစ်သလို သမီးလေးမြူလင်းကိုကိုရှေ့ကနေ ရဲရဲဝံ့ဝံ့ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။
လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ အရသာရှိတဲ့ ရွှေခေါက်ဆွဲပြုလုပ်ရောင်းချရင်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် တနေ့တာအကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်မှာမျှဝေပေးလေ့ရှိသူပါ။ ဒီနေ့ သူ့ရဲ့မွေးနေ့မနက်ခင်းမှာတော့ ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ ခြံထဲမှာ ပျော်ပျော်ပါးပါး ဂိမ်းဆော့ကစားရင်း မွေးနေ့ကိတ်ခွဲခဲ့ကြောင်း Facebook Live လွှင့်ကာ ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။
မွေးနေ့မှာ ချစ်ရတဲ့မိသားစုနဲ့ပဲ ခြံထဲမှာ ပျော်စရာတွေဖန်တီးခဲ့တဲ့ မလင်းရဲ့မွေးနေ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ လင်းဇာနည်ဇော်တစ်ယောက် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို အသက်ထက်ဆုံးပိုင်ဆိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Posted by Lin Zarni Zaw on Saturday, 18 July 2020
Posted by Lin Zarni Zaw on Saturday, 18 July 2020
Source – Lin Zarni Zaw
Rainbow- Cele Gabar
#credit original poster