Knowledge

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာ လေးနှစ်ခု

ရေးသားသူ – ကိုဘုန်းဆွေ

ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူးပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံးအကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။

ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်းအရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။လက်ထဲမှာ သုံးစရာပိုက်ဆံကတစ်ပြားမှမရှိ။ဗိုက်ကလည်း အရမ်းဆာနေချိန်၊မထူးဇာတ်ခင်းတဲ့အနေနဲ့ ရုံးနားကထမင်းဆိုင်ကိုသွားပြီး ထမင်းမှာစားတယ်။ စားလို့ ဝပြီဆိုမှ ဆိုင်ရှင်ဆီသွားပြီးတော့ ပြောတယ်။


” အဒေါ်ကြီး၊ ခင်ဗျားဆိုင်က ထမင်းတော့ကျနော် စားပြီးပြီ။ ပေးစရာပိုက်ဆံတော့တစ်ပြားမှ မရှိဘူး။ အဲဒီအတွက် ကျနော့်ပါးကိုအဒေါ်ကြီး ကြိုက်သလောက်သာရိုက်ပေတော့ “ဆိုပြီး ပါးထိုးပေးသတဲ့။ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးက မရိုက်တဲ့အပြင်သနားသွားပြီးတော့ နောက်နောင်မှာလည်းပိုက်ဆံမရှိရင် ဒီဆိုင်မှာဘဲအလကား လာစားဖို့ဖိတ်ခေါ်ရှာပါတယ်။

ဒုတိယတစ်ခုကတော့ စိတ်ထိခိုက်ရခြင်းဆိုတာထက် အံ့သြဘနန်း ဖြစ်ရတာပါ။ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာချိန်၊၁၉၄၆- ၄၇ ကာလ။ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အကြီးအကျယ်ရထားတဲ့လူထုခေါင်းဆောင် ဖြစ်နေပါပြီ။ဂဠုန်ဦးစော အပါအဝင် စစ်ကြိုခေတ်က နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့အရှိန်အဝါက နိဂုံးချုပ်သွားခဲ့ပြီ။

သို့သော်လည်း လုံးဝလွတ်လပ်ရေးအတွက်ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်နေတဲ့ဗိုလ်ချုပ်ကတော့ နိုင်ငံရေးသမား လက်ဟောင်း၊လက်သစ်တွေအားလုံး ပါဝင်စေချင်တဲ့အတွက်ဂဠုန်ဦးစောအိမ်ကို သူကိုယ်တိုင် သွားပါတယ်။ဦးစောအိမ်ကို ဗိုလ်ချုပ်ရောက်သွားချိန်မှာဦးစောက ဧည့်ခန်းမှာ အင်္ဂလိပ်အရာရှိကြီးတွေနဲ့ပါတီပွဲ ဆင်နွဲှနေချိန် ဖြစ်ပါတယ်။


ဗိုလ်ချုပ်က အိမ်အပြင်ဘက်က ခုံလေးမှာ ထိုင်ပြီးဦးစောပါတီပွဲအပြီးကို ထိုင်စောင့်ရှာတယ်။အပြင်ဘက်မှာ ဗိုလ်ချုပ်ထိုင်စောင့်နေတာကိုဦးစောသိရှိပေမယ့် အိမ်ထဲကို လုံးဝဖိတ်ခေါ်ခြင်း မရှိခဲ့ဘူး။ပါတီပွဲပြီးလို့ အင်္ဂလိပ်အရာရှိ အတော်များများပြန်သွားကြပေမယ့် ကျန်နေတဲ့ အင်္ဂလိပ်အရာရှိအချို့နဲ့ လက်ဘက်ရည်ဆက်သောက်ရင်းတဝါးဝါး၊ တဟားဟားနဲ့ စကားပြောကာအချိန်ဆွဲ ဧည့်ခံနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကတော့ အပြင်ဘက်မှာစိတ်ရှည်လက်ရှည် ထိုင်စောင့်နေရှာတယ်။

အတော်ကြီးကြာလို့အင်္ဂလိပ်တွေအားလုံးပြန်ကုန်ပြီဆိုမှဦးစောကို တွေ့ခွင့်ရပါတယ်။ဂဠုန်ဦးစောရဲ့လုပ်ပေါက်ကဗိုလ်ချုပ်ကိုနိုင်ငံရေးမှာမင်းငယ်ပါသေးတယ်ဆိုတဲ့သဘောနဲ့ချိုးလိုက်တာပါ။ညီညွတ်ရေးကို လိုချင်လွန်းလှတဲ့ဗိုလ်ချုပ်ကတော့ဦးစောရဲ့လုပ်ရပ်အပေါ် အငြိုးထားခဲ့ခြင်းအလျဉ်းမရှိခဲ့ဘူး။နောက်ပိုင်း တာဝါလိန်းက ဗိုလ်ချုပ်အိမ်ကိုဦးစောလာတော့ ဗိုလ်ချုပ်ကိုယ်တိုင်ဦးစောရဲ့ ကားတံခါးကိုဖွင့်ပေးပြီး ကြိုဆိုခဲ့တယ်။

ဒီအကြောင်းအရာလေးကိုဖတ်မိရင်းအသက်(၃၀)ပတ်ဝန်းကျင်အရွယ်လူငယ်တစ်ယောက်ရဲ့စိတ်နေသဘောထားကြီးကျယ်မြင့်မြတ်မှု၊လူထုခေါင်းဆောင်တစ်ယောက်ရဲ့ နိုင်ငံရေးအမြှော်အမြင်ကြီးမားမှု တွေ ကို တွေ့လိုက်ရတယ်။အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်တိုင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထသွားအောင် ခံစားနေရတုန်းပါပဲ။

( ကိုဘုန်းဆွေ )

——- —– —-

(Zawgyi)

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာ လေးနှစ်ခု
ေရးသားသူ – ကိုဘုန်းဆွေ

ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူးပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံးအကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။

ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်းအရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။လက်ထဲမှာ သုံးစရာပိုက်ဆံကတစ်ပြားမှမရှိ။ဗိုက်ကလည်း အရမ်းဆာနေချိန်၊မထူးဇာတ်ခင်းတဲ့အနေနဲ့ ရုံးနားကထမင်းဆိုင်ကိုသွားပြီး ထမင်းမှာစားတယ်။ စားလို့ ဝပြီဆိုမှ ဆိုင်ရှင်ဆီသွားပြီးတော့ ပြောတယ်။

” အဒေါ်ကြီး၊ ခင်ဗျားဆိုင်က ထမင်းတော့ကျနော် စားပြီးပြီ။ ပေးစရာပိုက်ဆံတော့တစ်ပြားမှ မရှိဘူး။ အဲဒီအတွက် ကျနော့်ပါးကိုအဒေါ်ကြီး ကြိုက်သလောက်သာရိုက်ပေတော့ “ဆိုပြီး ပါးထိုးပေးသတဲ့။ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးက မရိုက်တဲ့အပြင်သနားသွားပြီးတော့ နောက်နောင်မှာလည်းပိုက်ဆံမရှိရင် ဒီဆိုင်မှာဘဲအလကား လာစားဖို့ဖိတ်ခေါ်ရှာပါတယ်။

ဒုတိယတစ်ခုကတော့ စိတ်ထိခိုက်ရခြင်းဆိုတာထက် အံ့သြဘနန်း ဖြစ်ရတာပါ။ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာချိန်၊၁၉၄၆- ၄၇ ကာလ။ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အကြီးအကျယ်ရထားတဲ့လူထုခေါင်းဆောင် ဖြစ်နေပါပြီ။ဂဠုန်ဦးစော အပါအဝင် စစ်ကြိုခေတ်က နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့အရှိန်အဝါက နိဂုံးချုပ်သွားခဲ့ပြီ။

သို့သော်လည်း လုံးဝလွတ်လပ်ရေးအတွက်ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်နေတဲ့ဗိုလ်ချုပ်ကတော့ နိုင်ငံရေးသမား လက်ဟောင်း၊လက်သစ်တွေအားလုံး ပါဝင်စေချင်တဲ့အတွက်ဂဠုန်ဦးစောအိမ်ကို သူကိုယ်တိုင် သွားပါတယ်။ဦးစောအိမ်ကို ဗိုလ်ချုပ်ရောက်သွားချိန်မှာဦးစောက ဧည့်ခန်းမှာ အင်္ဂလိပ်အရာရှိကြီးတွေနဲ့ပါတီပွဲ ဆင်နွှဲနေချိန် ဖြစ်ပါတယ်။

ဗိုလ်ချုပ်က အိမ်အပြင်ဘက်က ခုံလေးမှာ ထိုင်ပြီးဦးစောပါတီပွဲအပြီးကို ထိုင်စောင့်ရှာတယ်။အပြင်ဘက်မှာ ဗိုလ်ချုပ်ထိုင်စောင့်နေတာကိုဦးစောသိရှိပေမယ့် အိမ်ထဲကို လုံးဝဖိတ်ခေါ်ခြင်း မရှိခဲ့ဘူး။ပါတီပွဲပြီးလို့ အင်္ဂလိပ်အရာရှိ အတော်များများပြန်သွားကြပေမယ့် ကျန်နေတဲ့ အင်္ဂလိပ်အရာရှိအချို့နဲ့ လက်ဘက်ရည်ဆက်သောက်ရင်းတဝါးဝါး၊ တဟားဟားနဲ့ စကားပြောကာအချိန်ဆွဲ ဧည့်ခံနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကတော့ အပြင်ဘက်မှာစိတ်ရှည်လက်ရှည် ထိုင်စောင့်နေရှာတယ်။

အတော်ကြီးကြာလို့အင်္ဂလိပ်တွေအားလုံးပြန်ကုန်ပြီဆိုမှဦးစောကို တွေ့ခွင့်ရပါတယ်။ဂဠုန်ဦးစောရဲ့လုပ်ပေါက်ကဗိုလ်ချုပ်ကိုနိုင်ငံရေးမှာမင်းငယ်ပါသေးတယ်ဆိုတဲ့သဘောနဲ့ချိုးလိုက်တာပါ။ညီညွတ်ရေးကို လိုချင်လွန်းလှတဲ့ဗိုလ်ချုပ်ကတော့ဦးစောရဲ့လုပ်ရပ်အပေါ် အငြိုးထားခဲ့ခြင်းအလျဉ်းမရှိခဲ့ဘူး။နောက်ပိုင်း တာဝါလိန်းက ဗိုလ်ချုပ်အိမ်ကိုဦးစောလာတော့ ဗိုလ်ချုပ်ကိုယ်တိုင်ဦးစောရဲ့ ကားတံခါးကိုဖွင့်ပေးပြီး ကြိုဆိုခဲ့တယ်။

ဒီအကြောင်းအရာလေးကိုဖတ်မိရင်းအသက်(၃၀)ပတ်ဝန်းကျင်အရွယ်လူငယ်တစ်ယောက်ရဲ့စိတ်နေသဘောထားကြီးကျယ်မြင့်မြတ်မှု၊လူထုခေါင်းဆောင်တစ်ယောက်ရဲ့ နိုင်ငံရေးအမြှော်အမြင်ကြီးမားမှု တွေ ကို တွေ့လိုက်ရတယ်။အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်တိုင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထသွားအောင် ခံစားနေရတုန်းပါပဲ။

( ကိုဘုန်းဆွေ )

#credit original poster