News

ဘန်ကောက်ကနေ ရေးမြို့ကို မိဘမပါဘဲ ပြန်လာတဲ့ အာဂ ကလေးနှစ်ယောက်

Covid 19 ကာလ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲ ကို အသက် ၉ နှစ်အရွယ် နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက် မိဘအုပ်ထိန်းသူလူကြီးမပါဘဲ မြဝတီနယ်စပ်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ၂ မှတဆင့် မနေ့က ဇူလိုင်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် ဝင်ရောက်လာတာကို အံ့သြစွာတွေ့ခဲ့ရတယ်လို့ မြဝတီ မဲဆန္ဒနယ်မြေ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က ပြောပါတယ်။

အဆိုပါ ကလေးနှစ်ဦးကို မြဝတီ BCF ဇုန် အဝင်ဝမှာ တန်းစီစဉ် မေးမြန်းကြည့်ရာ ဘန်ကောက်က မိဘတွေထံ ကျောင်းပိတ်ရက်မှာ သွားလည်ခဲ့ကြောင်းပြောပြပါတယ်။ အခုကျောင်းတက်ရတော့မှာဖြစ်လို့ နေရပ်ကို ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ မိဘများက မြန်မာပြည်က အဒေါ်ဖုန်းနံပါတ်ကို ရေးပေးလိုက်ကြောင်းပြောပြပါတယ်။ ဆက်လက်ပြီး ပြန်လာတာ မကြောက်ဘူးလားလို့ မေးကြည့်ရာ ဘယ်သူ့ကိုမှ မကြောက်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကလေးတွေရဲ့ ဖုန်းနံပါတ်ကို ဖုန်းဆက်ကြည့် တော့ အဒေါ်ဖြစ်တဲ့သူက မော်လမြိုင်မှာ ကလေးနှစ်ယောက် ကို စောင့်ကြိုနေကြောင်း သိရပါတယ်။ အာဂကလေးနှစ်ယောက်ကို ဂိတ်အစမှ အဆုံး စာရင်းပေးသွင်းခြင်းကိစ္စ၊ ကျန်းမာရေး စစ်ဆေးခြင်းကိစ္စ၊ လဝက လုပ်ငန်းစဉ်၊ ရဲလုပ်ငန်းစဉ်၊ နေရပ်ပြန်နိုင်ရေးကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီး ငွေလဲခြင်း ကိစ္စ၊ အထုတ်ကူသယ်ပေးခြင်းကိစ္စတွေပါ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်လို့ ဦးသန့်စင်အောင်ကပြောပါတယ်။


ယနေ့မနက်(၁၁း၃၀)နာရီလောက် မှာ ကလေးနှစ်ယောက် ပြန်ကြမယ့် မွန်ပြည်နယ်၊ ရေးမြို့နယ် သို့ မော်လမြိုင်ကားနဲ့ ထည့်ပေးလိုက်ကြောင်း၊ မော်လမြိုင်ကို ချောမောစွာရောက်ပြီး Quarantine ဝင်နေပြီဖြစ်ကြောင်း သိရပါတယ်။

unicode

ဘန်ကောက်ကနေ ရေးမြို့ ကို မိဘ မပါဘဲ ပြန်လာတဲ့ အာဂကလေး နှစ်ဦး

Covid 19 ကာလ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲ ကို အသက် ၉ နှစ်အရွယ် နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက် မိဘအုပ်ထိန်းသူလူကြီးမပါဘဲ မြဝတီနယ်စပ်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ၂ မှတဆင့် မနေ့က ဇူလိုင်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် ဝင်ရောက်လာတာကို အံ့သြစွာတွေ့ခဲ့ရတယ်လို့ မြဝတီ မဲဆန္ဒနယ်​မြေ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က ပြောပါတယ်။

အဆိုပါ ကလေးနှစ်ဦးကို မြဝတီ BCF ဇုန် အဝင်ဝမှာ တန်းစီစဉ် မေးမြန်းကြည့်ရာ ဘန်ကောက်က မိဘတွေထံ ကျောင်းပိတ်ရက်မှာ သွားလည်ခဲ့ကြောင်းပြောပြပါတယ်။ အခုကျောင်းတက်ရတော့မှာဖြစ်လို့ နေရပ်ကို ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ မိဘများက မြန်မာပြည်က အဒေါ်ဖုန်းနံပါတ်ကို ရေးပေးလိုက်ကြောင်းပြောပြပါတယ်။ ဆက်လက်ပြီး ပြန်လာတာ မကြောက်ဘူးလားလို့ မေးကြည့်ရာ ဘယ်သူ့ကိုမှ မကြောက်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကလေးတွေရဲ့ ဖုန်းနံပါတ်ကို ဖုန်းဆက်ကြည့် တော့ အဒေါ်ဖြစ်တဲ့သူက မော်လမြိုင်မှာ ကလေးနှစ်ယောက် ကို စောင့်ကြိုနေကြောင်း သိရပါတယ်။ အာဂကလေးနှစ်ယောက်ကို ဂိတ်အစမှ အဆုံး စာရင်းပေးသွင်းခြင်းကိစ္စ၊ ကျန်းမာရေး စစ်ဆေးခြင်းကိစ္စ၊ လဝက လုပ်ငန်းစဉ်၊ ရဲလုပ်ငန်းစဉ်၊ နေရပ်ပြန်နိုင်ရေးကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီး ငွေလဲခြင်း ကိစ္စ၊ အထုတ်ကူသယ်ပေးခြင်းကိစ္စတွေပါ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်လို့ ဦးသန့်စင်အောင်ကပြောပါတယ်။

ယနေ့မနက်(၁၁း၃၀)နာရီလောက် မှာ ကလေးနှစ်ယောက် ပြန်ကြမယ့် မွန်ပြည်နယ်၊ ရေးမြို့နယ် သို့ မော်လမြိုင်ကားနဲ့ ထည့်ပေးလိုက်ကြောင်း၊ မော်လမြိုင်ကို ချောမောစွာရောက်ပြီး Quarantine ဝင်နေပြီဖြစ်ကြောင်း သိရပါတယ်။
#credit original post