Celebrities

အောင်ရဲထိုက်နဲ့ နန်းစန္ဒာလှထွန်းတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရာဝနရဲ့ မျက်ရည် သီချင်း Music Video

ပရိသတ်ကြီးရေ တေးသံရှင် ရာဝနရဲ့ Answer သီချင်းခွေကတော့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပါ ။ ကြယ်ကလေး သီချင်းကတော့ ပရိသတ်တွေကြားမှာ အပေါက်ဆုံးသီချင်းဖြစ်ခဲ့ပြီး Joox မှာလည်း Top-1 နေရာမှာ အချိန်အတော်ကြာရပ်တည်ခဲ့တာပါ ။ လတ်တလောမှာတော့ Answer သီချင်းခွေထဲက သူစိတ်တိုင်းအကျဆုံးနဲ့ အားအရဆုံးဖြစ်တဲ့ မျက်ရည်ဆိုတဲ့ သီချင်းလေးကို Music video အဖြစ် အသက်သွင်းခဲ့ပါတယ် ။

ဒီသီချင်းလေးကို V7Entertainment ကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးထားတာဖြစ်ပြီး အလွမ်းကို ကြုံဖူးသူတိုင်း ချစ်ခဲ့ရတဲ့သူ အတွက် အဝေးတစ်မြေက အလွမ်းတွေ ပိုစေပြီး ချစ်သူမရှိတဲ့နောက်မှာ အဆင်ပြေရဲ့လား တွေးမိနေသူတိုင်းအတွက် တော့ ထိရှသွားစေမယ့် သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်ပြီး ဒီ MV လေးကို ပုဂံမှာသွားရောက် ရိုက်ကူးထားတာဖြစ်ပါတယ် ။ အောင်ရဲထိုက် ၊ နန်းစန္ဒာလှထွန်းရဲ့ ရာဝန တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး လွမ်းလွမ်းဆွေးဆွေးလေး သရုပ်ဆောင်ထားကြတာဖြစ်ပါတယ် ။


သီချင်းလေးကို နားထောင်ပြီးထဲက ကြိုက်နေကြတဲ့ ပရိသတ်ကြီးအတွက်တော့ သီချင်းလေးနဲ့ လိုက်ဖက်တဲ့ Music Video လေးကိုကြည့်ပြီး အရမ်းကိုသဘောကျနေကြမယ်ထင်ပါတယ် ။ ရာဝနကို အားပေးကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် မျက်ရည် Music Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#မျက်ရည် MusicVideo (Out Now)JOOX – https://joox.page.link/EVwbUz…

Geplaatst door Yarwana op Vrijdag 17 juli 2020

Source : Yarwanna
Emily (Cele Gabar)
#credit original poster