Celebrities

စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတတ်တဲ့ အမှား(၅)မျိုး အကြောင်းကိုမျှဝေလာတဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ ရှမ်း တရုတ် ကပြားမလေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေအားပေးလက်ခံပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အမြဲ လိုလို မျှဝေပေးနေတဲ့သူပါ ။ နန်းဆုတစ်ယောက် သူမရဲ့ ခံစားချက်စာသားအချို့ကို ပရိသတ်တွေကိုမျှဝေပေးတတ်ပြီး လတ်တလောမှာတော့ ပရိသတ်တွေအကျိုးရှိမယ့် အကြောင်းရာလေးတစ်ခုကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။

နန်းဆုမျှဝေပေးခဲ့တာကတော့ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတတ်တဲ့ အမှား(၅)မျိုး အကြောင်း ပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။ လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပြီး လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။


စိတ်ထားကောင်းလွန်းသူတွေ အမြဲလုပ်မိတဲ့ အမှားတွေကတော့ (၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ ၊ (၂) သည်းခံစရာမလိုတာတွေကိုပါသည်းခံနေတာ ၊ (၃) အကူအညီလာတောင်းတိုင်းမငြင်းတတ်တာ ၊ (၄) ကိုယ့်ကိုယ်ကိုဦးစားပေးတာကိုမှားတယ်လို့ထင်နေတာ ၊ (၅) ကိုယ့်ကိုယ်ကိုအမြဲသံသယဝင်နေတာ ဆိုတဲ့အချက်လေး (၅) ချက်ပဲဖြစ်ပါတယ် ။ ဒီစာသားလေးကို နန်းဆုက အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရDr.U Ni ရဲ့ မှတ်စုလေးကို ပရိသတ်တွေကို မေတ္တာနဲ့ ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Nansu Yati Soe
Emily (Cele Gabar)
#credit original poster