Celebrities

လမ်းပေါ်က ပန်းရောင်းနေတဲ့ ကလေးတွေကို ပီဇာတွေ ကျွေးမွေးခဲ့တဲ့ ဆီနွန်

ပရိသတ်တွေရဲ့အချစ်တော် ဆီနွန်ကတော့ ဒီနေ့ ဇူလိုင်လ (၁၈)ရက်နေ့မှာ အလှူလေးတစ်ခုပြုလုပ်ခဲ့ပြန်ပါတယ်။ဆီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပြီး ဖော်ရွေလါန်းလှတဲ့ စိတ်ဓာတ်နဲ့ ဟန်ဆောင်မာန်မာနကင်း ကူညီတတ်တဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေချစ်ခင်နေရတဲ့ သူတစ်ယောက်ပါ။

မြန်မာနိုင်ငံကို ရောက်ရှိလာချိန်ကတည်းကနေစလို့ နေ့တိုင်းနီးပါး အလှူအတန်းတွေကို တကယ်လိုအပ်နေတဲ့ သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးနေခဲ့တာလည်း ပရိသတ်တွေ တွေ့မြင်တဲ့အတိုင်းပါပဲ။ အခုတစ်ခေါက်မှာလည်း ဆီနွန်က လမ်းမှာ ဝမ်းရေးအတွက် ပန်းရောင်းနေတဲ့ ကလေးငယ်လေးတွေအတွက် ပီစာတွေ လိုက်လံ ကျွေးမွေးတဲ့ အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလို လှူဒါန်းမှုပြုခဲ့တဲ့ အကြောင်းကို ဆီနွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာဖြစ်ပြီး ပရိသတ်တေါကတော့ ဆီနွန်ရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။


Chilli – CeleGabar
Source – Sinon Loresca
#credit original poster