International News

အမေရိကန်နိုင်ငံသားများ နှာခေါင်းစည်းတပ်ရန် အမိန့်မထုတ်ဟု ထရမ့် ကတိပြု

အမေရိကန်နိုင်ငံသားများ နှာခေါင်းစည်းတပ်ရန် အမိန့်မထုတ်ဟု ထရမ့် ကတိပြု
…………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၈

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် နှာခေါင်းစည်းများဝတ်ဆင်ကြရမည်ဟု အမေရိကန်နိုင်ငံသားများကို အမိန့်ထုတ်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုသည်။

အမေရိကန်၏ ကူးစက်ရောဂါဆိုင်ရာထိပ်တန်းသုတေသီဒေါက်တာအန်တိုနီ ဖောက်ချီက ပြည်နယ်နှင့် ဒေသ ခေါင်းဆာင်များအနေဖြင့် နှာခေါင်းစည်းတပ်ရန် တွန်းအားပေးသင့်သည်ဟုတိုက်တွန်းပြီးနောက် ထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် နှာခေါင်းစည်းနှင့်မျက်နှာအကာအကွယ်များတပ်ခြင်းသည် ပိုမိုပြီးနိုင်ငံရေး ပြဿနာဆန်လာနေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအများစုက ပြင်ပတွင် နှာခေါင်းစည်းများတပ်ရန် အမိန့်ထုတ်ထားပြီး အစောပိုင်းက အမိန့်ထုတ်ရန်ငြင်းဆိုခဲ့သည့် အလာဘားမားပြည်နယ်မှရီပတ်ဘလစ်ကန်အုပ်ချုပ်ရေးမှူးကေး အိုင်ဗီလည်း အမိန့်ထုတ်သည့်ထဲတွင်ပါဝင်သည်။

ယခင်ကနှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆိုခဲ့သောထရမ့်လည်း ပြီးခဲ့သည့်စနေနေ့တွင် ပထမဆုံးနှာခေါင်းစည်း ဝတ်ဆင်ပြီး လူအများကြားထွက်လာသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃.၆ သန်းရှိနေပြီး သေဆုံးသူ ၁၃၉၀၀၀ ရှိလာပြီး ကမ္ဘာ့အမျာဆုံးကူးစက်၊ သေဆုံးသည့်နိုင်ငံဖြစ်နေသည်။

ထို့အပြင် သောကြာနေ့ကလည်း ၇၇၆၃၈ ယောက်ထပ်တိုးအတည်ပြုလူနာရှိလာပြီး ၃ ရက်ဆက်တိုက် တစ် နေ့တာ အတည်ပြုလူနာစံချိန်ကျိုးနေသည်။

Ref : Coronavirus: Donald Trump vows not to order Americans to wear masks

#credit original poster