နှစ်အနည်းငယ်အတွင်း ပရိသတ်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့သူ နေခြည်ဦးကတော့ မိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ပါ။ ပြည့်စုံတဲ့မိသားစုဘဝကလာသူဖြစ်တဲ့အပြင် ဘာလိုလို အမြဲထောက်ပံ့ပေးနေတဲ့ မိဘတွေကြောင့် ချီချီဘဝကတော့ လိုတိုင်းတ ရနေတယ်လို့ ဆိုရမှာပါ။
ကိုယ်ကိုယ်တိုင်လည်း ကြိုးစားအားထုတ်မှုအပြည့်နဲ့ အနုပညာခရီးကိုလျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်တွေရရှိလာသူ နေခြည်ဦးကတော့ မနေ့ညက ” ကြွားမယ်” ဆိုတဲ့စာသားလေးနဲ့အတူ Facebook Live လွှင့်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်သမျှဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ရဲ့အကြောင်းကို အကြွားပိုခဲ့ပါတယ်။ သူစိတ်ဓာတ်ကျနေလို့ လိုချင်တဲ့နာရီလေးကို ပူဆာခဲ့ချိန်မှာတော့ ဖခင်က ဝယ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီ Hublot တံဆိပ်နာရီလေးကတော့ ဒေါ်လာ (၂၉၄၀၀) ကျသင့်တာမို့ မြန်မာငွေ သိန်းလေးရာကျော် ပေးရတဲ့နာရီလေးပါ
သာမန်လူတွေ လက်လှမ်းမမှီနိုင်တဲ့ပမာဏဖြစ်တဲ့အပြင် ဖခင်ဆီကရတဲ့ တန်ဖိုးကြီးမားတဲ့လက်ဆောင်လေးမို့ ချီချီကတော့ စိတ်လွှတ်ကိုယ်လွှတ်ကြွားခဲ့တယ်လို့ ဆိုရမှာပါ။ ချီချီရဲ့ ဖခင်ကတော့ ချီချီရဲ့ ဘဝတဆစ်ချိုးတိုင်းမှာ အချိန်ကိုတန်ဖိုးထားတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့ အကောင်းစားနာရီတွေလက်ဆောင်ပေးလေ့ရှိပြီး ဒီနာရီ်လေးကတော့ ချီချီ့ဖခင်ပေးတဲ့ တတိယမြောက်နာရီလေးပါ။ အရမ်းလိုချင်တဲ့နာရီလေးကို ရခဲ့တာမို့ ကလေးလေးတစ်ယောက်လို ပျော်နေတဲ့ နေခြည်ဦးရဲ့ ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Nay Chi Oo
Rainbow- Cele Gabar
#credit original poster
ကြွားမယ်#hublot #spiritofbigbang #naychioolive
Posted by Nay Chi Oo on Friday, 17 July 2020