Celebrities

မွေးနေ့ရက်လေးကို မိဘမဲ့ကလေးများကျောင်းမှာ အလှူလေးပြုလုပ်သွားမယ့် ရွှေပိုးအိမ်

ရွှေပိုးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်ူမေတ္တာတွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းူသမီးချေောလေးပဲဖြစ်ပါတယ်။ ရွှေပိုးကတော့ လူလေးလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်လှပြီး အလှူအတန်းတွေကိုလည်း အားတက်သရောနဲ့လုပ်ကိုင်လေ့ရှိတဲ့အပြင် အနုပညာအလုပ်တွေသွားရောက်လုပ်ကိုင်တဲ့ ဒေသတွေမှာပါ အလျဉ်းသင့်သလို လုပ်ကိုင်တတ်တဲ့ သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ရွှေပိုးက အလှူလေးတစ်ခုကိုပြုလုပ်သွားဖို့ ရှိတဲ့အကြောင်းကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ ရွှေပိုးကတော့ လာမယ့် သြဂုတ်လ (၁၅)ရက်နေ့မှာ မွေးနေ့ရက်လေးကျရေက်မှာဖြစ်ပြီး မွေးနေ့ရက်လေးမှာ မန္တလေးမြို့၊ ဘုံပျံတောရ (၆၂ )လမ်း၊ စက်မှုဇုံ ( ၁ )အနီး၊ ရတနာအောင်မြင် မိဘမဲ့ကလေးများကျောင်းမှာ အာဟာရဒါနလှူဒါန်းမှုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ရွှေပိုးက မွေးနေ့အလှူလေးကို သူ့ရဲ့ပရိသတ်တွေကိုလည်း လာစေချင်တာကြောင့် အခုလို ကြိုတင်ပြီး ကြေညာထားလိုက်တာဖြစ်ပြီး ပရိသတ်တွေနဲ့ အတူတူလှူဒါန်းချင်တာကြောင့် လာရောက်ပေးဖို့ ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။ ရွှေပိုးရဲ့ မွေးနေ့အလှူလေးကို သွားမယ့် ပရိသတ်တွေ ရွှေပိုးအတွက် မွေးနေ့လက်ဆောင်တွေယူလာပေးတာမျိုးမလုပ်ဖို့ကို ရွှေပိုးက မေတ္တာရပ်ခံထားပါသေးတယ်

Chilli – CeleGabar
Source – Shwe Poe Eain

#CREDIT ORIGINAL POST