Celebrities

ဖိုးဖိုးလွင်မိုး သီချင်းလိုက်ဆိုလို့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ Liam လေးရဲ့ဗွီဒီယို

တချိန်တုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့မင်းသားကြီးလွင်မိုးကတော့ အခုဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးနေခဲ့ပါပြီ။ မိသားစုကိုပဲ အချိန်ပေးပြီး စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်နေပေမယ့် ချစ်ဖို့ကောင်းတဲ့ လွင်မိုးတို့ မိသားစုလေးကိုတော့ အားပေးချစ်ခင်သူပရိသတ်တွေ ယနေ့ထက်တိုင်ရှိနေစဲပါ။

ဖခင်ဖြစ်သူရဲ့အနုပညာသွေးတွေ ပါတဲ့ယွန်းဝတီလွင်မိုးဟာဆိုရင်လည်း ဖခင်လိုပဲ အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်ချစ်ခင်အားပေးမှုရရှိထားသူပါ။ ပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကို တည်ထောင်ထားသလို သားဦးလေးဖြစ်တဲ့ Liam ကိုလည်း ဘိုးဘိုး၊ဘွားဘွားတွေက သည်းသည်းလှုပ်ချစ်နေရတယ်လို့ ဆိုရမှာပါ။ မနေ့ကတော့ မြေးအဘိုးနှစ်ယောက်ရဲ့ ပျော်ရွှင်စရာအချိန်လေးကို ဘွားဘွားဖြစ်သူ မေသူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေခဲ့ပါတယ်။ မြေးလေးနဲ့အချိန်ပေးသီချင်းဆိုပေးနေတဲ့ ဘိုးဘိုးနဲ့ အဘိုးဖြစ်သူကို လုံးဝ သီချင်းဆိုမခံဘဲ လိုက်တားပြီး ကိုယ်ကိုယ်တိုင်ဆိုရမှ ကျေနပ်တဲ့မြေးလေး Liam ရဲ့ဗွီဒီယိုလေးကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဘိုးဖြစ်သူ သီချင်းဆိုမှာကို လိုက်တားနေတဲ့ Liam လေးရဲ့ဗွီဒီယိုကတော့ အဘိုးနဲ့အဘွားတင်မကပဲ ပရိသတ်တွေပါ ကြည့်နေရင်း အသည်းယားစေမှာ အမှန်ပါ။ မြေးလေး Liam နဲ့ ပျော်ရွှင်စရာအချိန်လေးဖန်တီးနေတဲ့ မင်းသားကြီးလွင်မိုးရဲ့ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – May Thu
Rainbow- Cele Gabar

#credit original poster

ဖိုးဖိုးနော် သားသားပဲဆိုမှာ????

Posted by May Thu on Friday, 17 July 2020