Celebrities

ကျွန်တော့်ကိုတိုက်ခိုက်တာရတယ် မိဘကိုတော့ မတိုက်ခိုက်ပါနဲ့လို့ တောင်းဆိုလိုက်တဲ့ ရော်ရွက်

တက်သစ်စလူငယ်အဆိုတော်တစ်ယောက်တစ်ယောက်ဖြစ်တဲ့ ရော်ရွက်ကတော့ သီချင်းကောင်းများစွာကို ဖန်တီးသီဆိုထားတဲ့အပြင် အားပေးဝန်းရံသူပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ အချိန်တိုအတွင်း ပရိသတ်အသိမှတ်ပြုအားပေးခဲ့တဲ့ ရော်ရွက်ကိုတော့ သည်းသည်းလှုပ်ဝန်းရံပေးတဲ့ပရိသတ်တွေရှိသလို တိုက်ခိုက်သူတွေလည်း ရှိနေတာဖြစ်ပြီး ရော်ရွက်ကတော့ လတ်တလောမှာ သူ့ကိုတင်မကဘဲ မိဘတွေကိုပါ တိုက်ခိုက်တာခံနေရကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။

” ဟိုးအရင်ထဲက အမြဲတမ်းအပြောခံနေကြ ဝေဖန်ခံနေကြပါ ။ လူငယ်သဘာဝ စိတ်တိုခဲ့တယ်ဆိုရင်တောင် ကိုယ်မြတ်နိုးတဲ့အရာတစ်ခုလုပ်နေတဲ့အတွက် နားလည်ပေးခဲ့တာကြီးပဲ ။ မသိချင်ယောင်ဆောင်နေခဲ့တာပါပဲ ။ တချို့Haterတွေပြောနေကျ ” တောကြိုက်တောင်ကြိုက်တွေ / flow တစ်ခုတည်းပဲဆိုတယ် / တစ်ရာဖိုးသုံးပုဒ်တွေ.. ဘာညာ” စသည်ဖြင့်အမျိုးမျိုးပေါ့ *စုံနေအောင်ဆဲဆိုကြတယ်။ လူပဲဗျာ ခံစားတတ်တာပေါ့ ။တခါတလေ ရှေ့ဆက်မလျှောက်ချင်တော့လောက်အောင်ပဲ ။ နောက်ဆုံးအဆင့်ဗျာ ဆဲဆိုမယ် နာ အောင်ပြောမယ် နောက်ဆုံး ကျနော်အခုမှ စ တင်မယ့် ဒီလောကထဲကပါ နုတ်ထွက်စေချင်တယ် ဆိုလည်း ကျနော့်ကိုပဲ ပြောပါ တိုက်ခိုက်စမ်းပါ…. ကျနော် ကျေကျေနပ်နပ် ခံစားလိုက်မယ်ဗျာ ။ ကျနော့်မိသားစု မိဘတွေကိုတော့ ထည့်ပြီး အတိုက်ခိုက်မခံစေချင်ဘူး

ပုံမှာပါတဲ့ ” တောသား” ဆိုတာကလည်း ကျေးလက်မှာနေတဲ့သူတွေကိုပြောတဲ့အသုံးနှုန်းမဟုတ်ပဲ ဉာဏ်ရည်နိမ့်ပါးတာမျိုး ဘောင်မဝင်တာမျိုး စော်ကားတာမျိုးပါ ။ကျနော် အနုပညာကိုချစ်တယ် ချစ်လို့လည်း အနုပညာတက္ကသိုလ်မှာတက်နေတာပါ… ကျနော် ကိုယ့်အတွက်မဟုတ်ဘဲ တခြား အခြေခံလူတန်းစားတွေ ၊ မိဘမဲ့ကလေးတွေ ၊ ဒုက္ခိတ ကောင်လေးတယောက်အကြောင်းတွေ စတဲ့ အကျိုးပြုသီချင်းတွေ အများကြီးဆိုခဲ့ပါတယ်။ ဒါကိုFa Fa လောက်သိပြီးဆဲနေကြတာကိုလည်း အခုချိန်ထိ လက်ခံပါတယ် ။ဒီချိန်ထိ သီချင်းအားပေးနေကြတဲ့ညီအစ်ကိုမောင်နှမတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

အနုပညာရှင်တစ်ယောက်မို့ ဝေဖန်တိုက်ခိုက်ခံရတာ မဆန်းပေမယ့် မိဘတွေကိုပါ လိုက်တိုက်ခိုက်နေတာကတော့ တကယ်ကို ယုတ်ညံ့တဲ့စိတ်ထားရှိသူတွေပါပဲနော်။ ရော်ရွက်ကတော့ သူ့ကိုတိုက်ခိုက်တာတွေကို မသိချင်ယောင်ဆောင်ပေးခဲ့ပေမယ့် မိဘတွေကိုပါ ထိပါးလာတာကြောင့် သူ့ရင်ထဲကခံစားချက်တွေကို ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…
CREDIT ORIGINAL POST