News

အောင်လအန်ဆန် ကိုဗစ်-၁၉ ရောဂါ ကင်းစင်

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ONE Championship လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ဟာ ရောဂါ ကင်းစင်သွားပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမူကွန်ရက်စာမျက်နှာကနေ အသိပေးရေးသားလိုက်ပါတယ်။

“အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့စနေနေ့က စစ်ဆေးထားတဲ့ ကျွန်တော်ရဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ် စစ်ဆေးချက်အဖြေအရ၊ ကျွန်တော်ရောဂါကင်းစင်သွားပါပြီ။ အခု ကျွန်တော်အရင်ကလိုပဲ လေ့ကျင့်မှုတွေ၊ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ပြန်လည် လုပ်သွားတော့မှာပါ။ ကျွန်တော်တို့အားလုံးလည်း ဒီအိပ်မက်ဆိုးကို မကြာခင်ကျော် လွှားနိုင်တော့မှာပါ။”

အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာတာကြောင့် သူနဲ့ သူ့မိသားစု quarantine ၁၄ ရက်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အောင်လအန်ဆန်ဟာ ကိုဗစ် ကပ်ဘေးကာလအတွင်း အားကစားရုံကို မသွားဘဲ နေအိမ်ခြံဝင်းထဲမှာ ပုံမှန်လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ချ်ဒက်နဲ့ ပြန်လည်ထိုးသတ်ဖို့ရှိရာမှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ပွဲကို ရွေ့ဆိုင်းထားခဲ့ရတာပါ။

ဓာတ်ပုံ- AungLaNsang

credit original poster