International News

တရုတ်ပြည်အနောက်ပိုင်းတွင် (၁၄၉) ရက် ကင်းစင်ပြီးမှ ကိုဗစ်ပြန်တွေ့၊ မြို့တော်ကို LOCKDOWN ချ

Zawgyi Font ဖြင့်ဖတ်ရန်

တရုတ်ပြည် အနောက်ပိုင်း Xinjiang ပြည်နယ်ရဲ့ မြို့တော် Urumqi ကို မပြောမဆိုနဲ့ အသွားအလာကန့်သတ်မှုတွေလုပ်ချ လိုက်ပါတယ်။

ရက်ပေါင်း ၁၄၉ ရက် ကိုဗစ်ကင်းစင်နေခဲ့ပြီးမှ ကိုဗစ် လူနာခြောက်ယောက်နဲ့ ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာမပြတဲ့ လူနာပေါင်း ၁၁ ယောက်တွေ့ခဲ့လို့ ဖြစ်ပါတယ်။ လူပေါင်း ၃.၅ သန်းနေတဲ့ အဲ့ဒီမြို့ရဲ့ ရထားလိုင်းကို ကြာသပတေးနေ့ညနေက ပိတ်ချလိုက်ပါတယ်။ လေဆိပ်ခရီးသည်အဝင်အထွက်လည်း ကန့်သတ်လိုက်ပါတယ်။ လူတွေကတော့ ထုံးစံအတိုင်း panic buying (ပစ္စည်းတွေအလုအယက် ပြေးဝယ်ကြတယ်)။

Xinjiang ပြည်နယ်ကွန်မြူနစ်ပါတီကော်မတီက ယနေ့သောကြာနေ့မှာ ပြောတာကတော့.. ကူးစက်နိုင်တဲ့လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်မယ်။ ဆေးရုံတွေရှိ fever clinic တွေမှာ အသေအချာစစ်ဆေးမယ်။ လူစုလူဝေးကို လူထုအကြား ကျေးရွာတွေအထိ အသေအချာ ပိုပြီးထိန်းချုပ်ပါမယ်တဲ့။

Xinjiang ပြည်နယ်မှာ ကိုဗစ် အကြီးအကျယ်စဖြစ်နေပြီလို့ သံသယစရှိတာက စီးပွားရေးသမားတစ်ယောက်က Urumqi မြို့ကနေ Zhejiang မြို့ကို ရောက်နေပါတယ်။ သူ့ကို Xinjiang ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက Test လုပ်ဖို့ ဖုံးဆက်ပြောလာကနေ လူတွေသံသယစဝင်လာတာ ဖြစ်ပါတယ်။ သူ့ကို Test လုပ်တော့ တိတ်တဆိတ်ရောဂါသယ်ဆောင်သူ ဖြစ်နေပါတယ်

Xinjiang ကျန်းမာရေးကောင်စီက ကြာသပတေးနေ့ နေ့လည်မှာ ကြေညာရာမှာ ပြီးခဲ့တဲ့အပတ်သောကြာနေ့က အသက် ၂၄ နှစ်ရှိ လက်လီဆိုင်အရောင်းစာရေး အမျိုးသမီးမှာ လည်ချောင်းနာလာလို့ ဆေးရုံပို့ရာက Covid-19 Case ဖြစ်နေတာတွေ့ရတယ်တဲ့။ ဆိုင်မှာစျေးရောင်းသူဖြစ်နေတော့ ကူးစက်ပြန့်ပွားမှုများသွားနိုင်ပါတယ်။ သူမနဲ့အနီးကပ်နေသူ သုံးယောက်မှာလည်း ပိုးတွေ့ပါတယ်။ လက္ခဏာတော့မပြပါဘူး။

အဲ့ဒီကနေ Xinjiang ပြည်နယ်မှာ ရောဂါလက္ခဏာပြသူ ၅ ယောက်နဲ့ တိတ်တဆိတ်ကူးစက်သူ ၈ ယောက်ထပ်တွေ့ပါတယ်။ အခုလို ရုတ်တရက် lockdown ချလိုက်တာက လူတွေစျေးလုဝယ်ကြ၊ ခရီးသွားတွေ ဘူတာမှာ အများကြီးပိတ်မိနေတာတွေ ဖြစ်စေခဲ့ပါတယ်။

ဒီ Xinjiang ကိစ္စဟာ သင်ခန်းစာယူရမယ့်ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည် Xinjiang နဲ့ ကပ်နေတဲ့ ကာဇက်စတန် နိုင်ငံမှာ Covid-19 ရော အမည်မသိ နမိုးနီးယားရော ဖြစ်နေတယ်လို့ သတင်းထွက်နေခဲ့တာပါ။

အခုအထိ ကာဇက်စတန်နိုင်ငံမှာ Covid လူနာ 66895 ယောက်ရှိနေပါပြီ။ အိမ်နီးချင်းနိုင်ငံမှာ Covid အကြီးအကျယ်ဖြစ်နေချိန်မှာ တရုတ်ပြည် Xinjiang ပြည်နယ်အတွက် စိုးရိမ်ခဲ့ကြပါတယ်။ အခုတော့ အားလုံးစိုးရိမ်သလို Xinjiang မှာ Covid ပြန်စနေပါပြီ။ “Covid-19 အတွက် သတိဆိုတာပိုတယ်လို့မရှိပါ။”

#credit original poster