Knowledge

ဟင်းကောင်း နှင့် စားရကံ မကြုံဖူးတဲ့ ဗိုလ်ချုပ် ( သို့မဟုတ် ) ဦးဘဝင်း မျက်ရည်လည်သော နေ့

Unicode ဖြင့်ဖတ်ရန်

ဟင်းကောင်း နှင့် စားရကံ မကြုံဖူးတဲ့ ဗိုလ်ချုပ်
( သို့မဟုတ် )
ဦးဘဝင်း မျက်ရည်လည်သော နေ့
…………………………………………………………
တခါတုန်းက ဒေါ်ခင်ကြည်ဆီကို ရဲဘော်လေးတွေမှ
ဝက်အူချောင်းလေးတွေ လာပို့တယ်။ စစ်ပြီးခေတ်ဆို
တော့ အစစအရာရာ ရှားပါးနေချိန်၊ ဗိုလ်ချုပ်စားဖို့
၂ တုံး ၃ တုံးလောက်ပါပဲ။ ဒေါ်ခင်ကြည်ကလည်း
ဗိုလ်ချုပ်စားဖို့ ချန်ထားပေးတယ်။ ဗိုလ်ချုပ်ကလည်း
ထမင်းစားဖို့ကို မအားလပ်တာ။ အဲ – ဗိုလ်ချုပ်က
အိမ်ပြန်ရောက်ချိန်၊ ဒေါ်ခင်ကြည်ကလည်း ထမင်း
ဆီဆမ်းပြီး၊ ဝက်အူချောင်းကြော် ၂ တုံး ထည့်ပေး
ချိန်၊ ဗိုလ်ချုပ်ကလည်း ထမင်းစားတော့မည့်အချိန်၊
( သတိ – ဘာ ဟင်းအရန်မှ မပါဝင်ပါ ) … ။

တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ရဲ့ အစ်ကို – ဦးဘဝင်း
(အာဇာနည် ခေါင်းဆောင်ကြီး) ကလည်း …
ငါ့ညီ အောင်ဆန်းက မြန်မာပြည်ရဲ့ စစ်သေနာပတိ
ဗိုလ်ချုပ်ကြီး ဖြစ်နေပြီ။ နေ့ခင်း ဘာတွေများ စား
သောက်နေသလဲဟု တိတ်တစိတ် လာကြည့်ချိန် …

အိမ်တံခါး ကျောပေးလျှက် ထမင်းစားမည်လုပ်သော
ဗိုလ်ချုပ်မှာ သားငယ်နှစ်ယောက်က ထွက်လာ၍
ဗိုက်ဆာလို့ဟု ဆိုကာ သူ့အနား တဂျီဂျီ လုပ်နေ
သဖြင့်၊ ရှိစုမဲ့စု ဝက်အူချောင်းလေးအား ဖဲ့ကာဖဲ့ကာ
နှင့် ထမင်းလုပ်လေးများ၌ ထည့်၍ သားနှစ်ယောက်
အား ကုန်အောင် ခွံ့ကျွေးလိုက်လေတော့တယ် … ။

ပြီးနောက် သူက လက်ကျန် ထမင်းကို ခူးပြီး …
အသားမပါ ဆီအကပ်အသတ်နဲ့ နယ်ဖတ်
စားတော့တာပဲ။ တံခါး အနားရောက်နေပြီး …
ဒါကို မြင်တွေ့လိုက်ရတဲ့ ဦးဘဝင်းက၊ ငါ့ညီလေး
ဟာ အတော်လေး ဆင်းရဲတဲ့ မြန်မာပြည်ရဲ့
ဗိုလ်ချုပ်ပါလား ဟူ၍ မျက်ရည်ဝဲ၊ စိတ်မကောင်း
များစွာဖြင့် ထွက်ခွာသွားပါတော့တယ် … ။

၁၉၄၆ – ခုနှစ်၊ ဇန်နဝါရီလ မှတ်တမ်းများ နှင့်
ဆရာကြီး – ငွေဥဒေါင်း ရေးသည့် …
(ကျွန်တော်မသိသော ဗိုလ်ချုပ် ) အမည်ရ …
၁၉၅၃ ခုနှစ်၊ မတ်လထုတ် – မြဝတီမဂ္ဂဇင်းအား …
မှီငြမ်း၍ ဤစာစုအား ရေးသားလိုက်ရပါသည် …

အာဇာနည်နေ့ ရောက်ချိန်နီးကပ် –
အောက်မေ့ဖွယ် ရှားပါးသုတ အဖြာဖြာအား –
ကျွန်ုပ်တို့မှ စဉ်ဆက်မပြတ် / တင်ဆက်လျှက် –
————–


zawgyi ဖြင့်ဖတ်ရန်

ဟင်းကောင်း နှင့် စားရကံ မကြုံဖူးတဲ့ ဗိုလ်ချုပ်
( သို့မဟုတ် )
ဦးဘဝင်း မျက်ရည်လည်သော နေ့
တခါတုန်းက ဒေါ်ခင်ကြည်ဆီကို ရဲဘော်လေးတွေမှ
ဝက်အူချောင်းလေးတွေ လာပို့တယ်။ စစ်ပြီးခေတ်ဆို
တော့ အစစအရာရာ ရှားပါးနေချိန်၊ ဗိုလ်ချုပ်စားဖို့
၂ တုံး ၃ တုံးလောက်ပါပဲ။ ဒေါ်ခင်ကြည်ကလည်း
ဗိုလ်ချုပ်စားဖို့ ချန်ထားပေးတယ်။ ဗိုလ်ချုပ်ကလည်း
ထမင်းစားဖို့ကို မအားလပ်တာ။ အဲ – ဗိုလ်ချုပ်က
အိမ်ပြန်ရောက်ချိန်၊ ဒေါ်ခင်ကြည်ကလည်း ထမင်း
ဆီဆမ်းပြီး၊ ဝက်အူချောင်းကြော် ၂ တုံး ထည့်ပေး
ချိန်၊ ဗိုလ်ချုပ်ကလည်း ထမင်းစားတော့မည့်အချိန်၊
( သတိ – ဘာ ဟင်းအရန်မှ မပါဝင်ပါ ) ။

တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်ရဲ့ အစ်ကို – ဦးဘဝင်း
(အာဇာနည် ခေါင်းဆောင်ကြီး) ကလည်း
ငါ့ညီ အောင်ဆန်းက မြန်မာပြည်ရဲ့ စစ်သေနာပတိ
ဗိုလ်ချုပ်ကြီး ဖြစ်နေပြီ။ နေ့ခင်း ဘာတွေများ စား
သောက်နေသလဲဟု တိတ်တစိတ် လာကြည့်ချိန်

အိမ်တံခါး ကျောပေးလျှက် ထမင်းစားမည်လုပ်သော
ဗိုလ်ချုပ်မှာ သားငယ်နှစ်ယောက်က ထွက်လာ၍
ဗိုက်ဆာလို့ဟု ဆိုကာ သူ့အနား တဂျီဂျီ လုပ်နေ
သဖြင့်၊ ရှိစုမဲ့စု ဝက်အူချောင်းလေးအား ဖဲ့ကာဖဲ့ကာ
နှင့် ထမင်းလုပ်လေးများ၌ ထည့်၍ သားနှစ်ယောက်
အား ကုန်အောင် ခွံ့ကျွေးလိုက်လေတော့တယ် ။

ပြီးနောက် သူက လက်ကျန် ထမင်းကို ခူးပြီး
အသားမပါ ဆီအကပ်အသတ်နဲ့ နယ်ဖတ်
စားတော့တာပဲ။ တံခါး အနားရောက်နေပြီး
ဒါကို မြင်တွေ့လိုက်ရတဲ့ ဦးဘဝင်းက၊ ငါ့ညီလေး
ဟာ အတော်လေး ဆင်းရဲတဲ့ မြန်မာပြည်ရဲ့
ဗိုလ်ချုပ်ပါလား ဟူ၍ မျက်ရည်ဝဲ၊ စိတ်မကောင်း
များစွာဖြင့် ထွက်ခွာသွားပါတော့တယ် ။

၁၉၄၆ – ခုနှစ်၊ ဇန်နဝါရီလ မှတ်တမ်းများ နှင့်
ဆရာကြီး – ငွေဥဒေါင်း ရေးသည့်
(ကျွန်တော်မသိသော ဗိုလ်ချုပ် ) အမည်ရ
၁၉၅၃ ခုနှစ်၊ မတ်လထုတ် – မြဝတီမဂ္ဂဇင်းအား
မှီငြမ်း၍ ဤစာစုအား ရေးသားလိုက်ရပါသည်

အာဇာနည်နေ့ ရောက်ချိန်နီးကပ် –
အောက်မေ့ဖွယ် ရှားပါးသုတ အဖြာဖြာအား –
ကြှနျုပျတို့မှ စဉ်ဆက်မပြတ် / တင်ဆက်လျှက် –
————–

Credit to James (ရှေးဟောင်းမော်ကွန်းမှတ်တမ်းအဖွဲ့)