Celebrities

မကြာခင်အချိန်မှာ ကိုယ်ပိုင် သီချင်းလေးထွက်ရှိလာတော့မယ့် နှင်းအိအိဝင်း

ပရိသတ်ကြီးရေ နှင်းအိအိဝင်းကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးပြီးသွားခဲ့တဲ့ နောက်မှာလည်း နှင်းအိအိဝင်းက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေခဲ့ပါသေးတယ်။

အောင်မြင်တဲ့အဆိုတော်တစ်ယောက် ပရိသတ်အချစ်တော်တစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ နှင်းအိအိဝင်းကတော့ ကိုယ်ပိုင်သီချင်းတွေလည်း ထွက်ရှိနိုင်ဖို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းနေခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ဒီနေ့မှာတော့ နှင်းအိအိဝင်းက ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာတော့မယ့်အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာပါတယ်။

နှင်းအိအိဝင်းရဲ့ ကိုယ်ပိုင်သီချင်းလေးကတော့ မကြာခင်အချိန်မှာ ထွက်ရှိလာတော့မှာဖြစ်ပြီး ပရိသတ်တွေရော အားပေးဖို့အဆင်သင့်ဖြစ်နေကြပြီလား။ CeleGabar ပရိသတ်ကြီးတွေထဲက နှင်းအိအိဝင်းရဲ့ သီချင်းတွေကို မျှော်နေတဲ့ နှင်းအိအိဝင်းရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Hnin Ei Ei Win