Celebrities

မျက်မြင် အဘိုးအဘွား နှစ်ယောက်ကို လက်ထဲရှိသမျှ ငွေတွေ အကုန်လှူတန်းခဲ့တဲ့ သရုပ်ဆောင် ရဲလေးမ

” မရှိလို့မလှူ မလှူလို့မရှိ ” ဆိုတဲ့ စကားလေးဟာ တကယ်ကို တန်ဖိုးရှိပါတယ်။ လှူတန်း တယ်ဆိုတာလည်း အများကြီး လှူတန်းမှ အလှူဟာဖြစ် မြောက်တာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိသလောက်ထဲက တတ်နိုင်သမျှ ခွဲဝေပြီး လှူတန်းတာလည်း အလှူပါပဲ။ ထားတတ်တဲ့စိတ်ရှိရင် မြတ်ကိုမြတ်ပါတယ်။ ဒီနေ့မှာတော့ ရဲလေးမ

တစ်ယောက် ကိုယ်တိုင်လည်း အခက်အခဲတွေ ကြားမှာ ရုန်းကန် နေရသူဖြစ်ပေမယ့် ကိုယ့်ထက်အခြေအနေဆိုးတဲ့ အဘိုးနဲ့အဘွားကို အိမ်မှာရှိသမျှပိုက်ဆံတွေ အကုန်လှူတန်း ခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ရိုက်ကွင်းတွေ ခဏရပ်ထား ရတဲ့အချိန်မှာ မိသားစု စားဝတ်နေရေး အတွက်ကို မုန့်ဟင်းခါး ရောင်းနေခဲ့ပြီး

ချစ်ခင်သူတွေ ကတော့ အလှူပွဲတွေ အတွက် မှာယူ အားပေးကြပါ တယ်။ မိသားစု ဝင်တွေများတာကြောင့် ပိုပြီးရုန်းက နေခဲ့ရသူ တစ်ယောက်ပါ။ သဒ္ဒါစိတ်ဆိုတာ လည်း တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ ကိုယ့်အတွက် တစ်ခုမှမကျန်အောင်လှူနိုင်တဲ့ အထိကို သဒ္ဒါပေါက်တဲ့ သူတွေထဲမှာ ရဲလေးမလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်

ဒီနေ့အတွက် သူ့ရဲ့အလှူလေး အကြောင်းကို ” အဖိုးကလည်း မျက်စိမမြင်ဘူး အဖွားကလည်းမျက်လုံး တစ်ဖက်မရှိဘူး နေပူကျဲကျဲမှာ ဘဝဝမ်းရေး အတွက် တောင်းနေရရှာတယ် အိတ်ထဲမှာရှိတဲ့ 3000 အကုန်လှုခဲ့တယ် သနားတဲ့စိတ်စာနာတဲ့ စိတ်တေနဲ့ ကောင်းမူတစ်ခုကို ကုသိုလ်လေးအရင်းပြုပြီး

ခုနှစ်ရက်သားသမီးကိုယ်စားပြုပြီးဒါနလေးပါနော် သာဓုခေါ်ပေးပါလို့နော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ (Source _ Happy– Cele Zone/ Photo  – Ye Lay Ma)

#credit original poster