Local News

မန္တလေးမြို့တွင် ၇၃ နှစ် ပြည့် အာဇာနည်နေ့အခမ်းအနားကို အချိန်နှင့် လူဦးရေ ကန့်သတ် ကျင်းပမည်

==============================================

၇၃နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို တိုင်းဒေသကြီး အဆင့်အခမ်းအနားအဖြစ် မန္တလေး မြို့ရှိ မန္တလာသီရိအားကစားကွင်းအတွင်း ကျင်းပသွားမည်ဖြစ်သော်လည်း အချိန်နှင့် လူဦးရေ ကန့်သတ် ကျင်းပသွားမည်ဟုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။

ယင်းအပြင် ကျဆုံးခဲ့ရသည့် အာဇာ နည် ၉ဦးအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်၊ အမျှဝြေခင်းကို မန္တလေးမြို့တော် ခန်းမ(၁) တွင် ပြုလုပ်သွားမည်ဟု သိရသည်။

“ပုံမှန်ဆိုရင်တော့ အာဇာနည်နေ့အခမ်းအနားကို စည်းစည်ကားကား လုပ်တာပေါ့လေ၊ ဒီနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် နိုင်ငံတော်ကလည်း ညွှန်ကြားထားတာရှိတဲ့အတွက် တတ်နိုင်သမျှ လူနည်း နည်းနဲ့အမြန်ဆုံးဖြစ်အောင် လုပ်မယ်၊ အကန့်အသတ်နဲ့ လုပ်ရမှာပေါ့၊ သတ်မှတ်လူဦးရေအတိုင်းပဲ ဝင်ရောက်အလေးပြုခွင့်ပြုမှာဖြစ်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောသည်။

မန္တလေးမြို့တွင် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက် ထက်၌ ကျရောက်ခဲ့သည့် ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ စတင်၍ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာ၀န်ရှိသူများ၊ တပ်မတော်မှ တာ၀န်ရှိ သူများ၊ သက်ဆိုင်ရာဌာနအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ တက်ရောက် အလေးပြုကြသည်။

COVID -19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ၇၃ နှစ် ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများကသာ လွမ်းသူ့ ပန်းခွေများနှင့် ဂါဝရ ပြုခြင်းများ ပြုလုပ်မည်ဟု သိရသည်။

ယခုအခါ COVID – 19 ကာလဖြစ်နေသည့်အတွက် ၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားတွင် လူစုလူဝေးမဖြစ်ပေါ်စေ ရန်အတွက် ဂါဝရပြုခြင်း လွမ်းသူ့ပန်းခွေချခြင်းကိစ္စရပ်များကိုကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အတိုင်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေခန့်အကွာဖြင့် ပြု လုပ်နိုင်ရန် မြေပြင်တွင် အကွက်များရိုက်ထားမည်ဖြစ်ပြီး ထိုင်ခုံများကိုလည်း ခြောက်ပေခန့်အကွာဖြင့် စီစဉ်ထားကြောင်း သိရသည်။

၇၃ နှစ် ပြည့် အာဇာနည်နေ့အခမ်းအနားကို တိုင်းအဆင့်ဖြင့် ပြုလုပ်မည့် အခမ်းအနားအပြင် ပြည်ကြီးတံခွန်မြိ့နယ်အတွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့်ပန်းခြံတွင်လည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မြို့နယ်အနေနဲ့ကလည်း အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွေ၊ အာဇာနည်နေ့ဖြစ်မြောက်ရေးကော်မတီ၊ ဗိုလ်ချုပ်ချစ်သူ များအဖွဲ့သုံးဖွဲ့ပဲ လွမ်းသူပန်းခွေချမယ်၊ ဗိုလ်ချုပ်ဖြစ်နေတဲ့အတွက် အများပြည်သူက လာကြမှာဖြစ် တဲ့အတွက် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလမ်းညွန်ချက်တွေနဲ့ အညီ လုပ်ဆောင်သွားမှာပါ၊ အခမ်း အနားကိုလာတဲ့သူတွေကို ကျန်းမာရေးဦးစီးဌာနကလည်း အပူချိန်တိုင်းမယ်၊ လက်ဆေး ဆပ်ပြာရည် တွေ ဝေငှပေးသွားမှာပါ”ဟု ပြည်ကြီးတံခွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုး ဦးချစ်လွင်က ပြောသည်။

မန္တလေးတွင် ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ စတင်၍ နှစ်စဉ် အခမ်းအနားကျင်းပ ရာနေရာအတွင်းအာဇာ နည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့် ပြခန်းများကို ထည့်သွင်း ကျင်းပခဲ့သည်။

သမ္မတရုံးကလည်း အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးမှုများ ပြုလုပ်ကြရန်အတွက် ညွန်ကြားထုတ်ပြန်ထားသည်။

Unicode

မန္တလေးမြို့တွင် ၇၃ နှစ် ပြည့် အာဇာနည်နေ့အခမ်းအနားကို အချိန်နှင့် လူဦးရေ ကန့်သတ် ကျင်းပမည်
==============================================

၇၃နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို တိုင်းဒေသကြီး အဆင့်အခမ်းအနားအဖြစ် မန္တလေး မြို့ရှိ မန္တလာသီရိအားကစားကွင်းအတွင်း ကျင်းပသွားမည်ဖြစ်သော်လည်း အချိန်နှင့် လူဦးရေ ကန့်သတ် ကျင်းပသွားမည်ဟုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။

ယင်းအပြင် ကျဆုံးခဲ့ရသည့် အာဇာ နည် ၉ဦးအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်၊ အမျှဝေခြင်းကို မန္တလေးမြို့တော် ခန်းမ(၁) တွင် ပြုလုပ်သွားမည်ဟု သိရသည်။

“ပုံမှန်ဆိုရင်တော့ အာဇာနည်နေ့အခမ်းအနားကို စည်းစည်ကားကား လုပ်တာပေါ့လေ၊ ဒီနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် နိုင်ငံတော်ကလည်း ညွှန်ကြားထားတာရှိတဲ့အတွက် တတ်နိုင်သမျှ လူနည်း နည်းနဲ့အမြန်ဆုံးဖြစ်အောင် လုပ်မယ်၊ အကန့်အသတ်နဲ့ လုပ်ရမှာပေါ့၊ သတ်မှတ်လူဦးရေအတိုင်းပဲ ဝင်ရောက်အလေးပြုခွင့်ပြုမှာဖြစ်ပါတယ်”ဟု မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်က ပြောသည်။

မန္တလေးမြို့တွင် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက် ထက်၌ ကျရောက်ခဲ့သည့် ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ စတင်၍ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာဌာနအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ တက်ရောက် အလေးပြုကြသည်။

COVID -19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ၇၃ နှစ် ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများကသာ လွမ်းသူ့ ပန်းခွေများနှင့် ဂါဝရ ပြုခြင်းများ ပြုလုပ်မည်ဟု သိရသည်။

ယခုအခါ COVID – 19 ကာလဖြစ်နေသည့်အတွက် ၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားတွင် လူစုလူဝေးမဖြစ်ပေါ်စေ ရန်အတွက် ဂါဝရပြုခြင်း လွမ်းသူ့ပန်းခွေချခြင်းကိစ္စရပ်များကိုကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အတိုင်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေခန့်အကွာဖြင့် ပြု လုပ်နိုင်ရန် မြေပြင်တွင် အကွက်များရိုက်ထားမည်ဖြစ်ပြီး ထိုင်ခုံများကိုလည်း ခြောက်ပေခန့်အကွာဖြင့် စီစဉ်ထားကြောင်း သိရသည်။

၇၃ နှစ် ပြည့် အာဇာနည်နေ့အခမ်းအနားကို တိုင်းအဆင့်ဖြင့် ပြုလုပ်မည့် အခမ်းအနားအပြင် ပြည်ကြီးတံခွန်မြိ့နယ်အတွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့်ပန်းခြံတွင်လည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မြို့နယ်အနေနဲ့ကလည်း အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွေ၊ အာဇာနည်နေ့ဖြစ်မြောက်ရေးကော်မတီ၊ ဗိုလ်ချုပ်ချစ်သူ များအဖွဲ့သုံးဖွဲ့ပဲ လွမ်းသူပန်းခွေချမယ်၊ ဗိုလ်ချုပ်ဖြစ်နေတဲ့အတွက် အများပြည်သူက လာကြမှာဖြစ် တဲ့အတွက် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလမ်းညွန်ချက်တွေနဲ့ အညီ လုပ်ဆောင်သွားမှာပါ၊ အခမ်း အနားကိုလာတဲ့သူတွေကို ကျန်းမာရေးဦးစီးဌာနကလည်း အပူချိန်တိုင်းမယ်၊ လက်ဆေး ဆပ်ပြာရည် တွေ ဝေငှပေးသွားမှာပါ”ဟု ပြည်ကြီးတံခွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှှုး ဦးချစ်လွင်က ပြောသည်။

မန္တလေးတွင် ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ စတင်၍ နှစ်စဉ် အခမ်းအနားကျင်းပ ရာနေရာအတွင်းအာဇာ နည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့် ပြခန်းများကို ထည့်သွင်း ကျင်းပခဲ့သည်။

သမ္မတရုံးကလည်း အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးမှုများ ပြုလုပ်ကြရန်အတွက် ညွန်ကြားထုတ်ပြန်ထားသည်။

#credit original poster