Celebrities

မိုင်းဖုန်းဆရာတော်အဓိဋ္ဌာန်ဝင်တဲ့ မုန်းကျက်ဂူသို့သွားရာ တောင်တက်လမ်းကွန်ကရစ်ခင်းဖို့ အလှူငွေလှူဒါန်းခဲ့တဲ့ မယ်လိုဒီ

 

ပရိတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မသ်းသမီးချောလေး မယ်လိုဒီကတော့ လတ်တလောမှာ ကွန်ကရစ်လမ်းခင်းတဲ့ လမ်းအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မယ်လိုဒီကတော့ မြန်မာမိန်းကလေးပီပီ ဘုရာတရားကိုကိုင်ရှိုင်းပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောနဲ့ လှူဒါန်းမှုတွေပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ပါ။လတ်တလောမှာလည်း မယ်လိုဒီက ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော် ဘုရားကြီး အဓိဋ္ဌာန်ဝင်တဲ့ မုန်းကျက်ဂူကိုသွားရာ တောင်တက်လမ်းကို ကွန်ကရစ်ခင်းဖို့အတွက် အလှူငွေလှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။ မယ်လိုဒီက ကွန်ကရစ်လမ်းခင်းဖို့အတွက် (၁၀)ပေစာအတွက် (၃)သိန်းခွဲကို စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။အခုလိုသာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ မိုင်ဖုန်းဆရာတော်ဘုရားကြီး အဓိဋ္ဌာန်ဝင်ရာမှာ လွယ်ကူချောမွေ့စေဖို့ လမ်းခင်းတဲ့နေရမှာ တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတဲ့အတွက် မယ်လိုဒီတစ်ယောက် အနုပညာလောကမှာ အောင်မြင်မှုတွေပိုမိုရရှိပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ နောက်နောင်ဒီထက်မကလှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…….

#crd