Celebrities

Follower (၅)သိန်းပြည့်သွားပြီဖြစ်တဲ့ သဇင်ထူးမြင့်

ပရိသတ်တွေရဲ့အချစ်တော် ဟာသလူရွှင်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့် ကတော့ လက်ရှိမှာကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ ဖခင်ဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံနေတဲ့ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေစတင်ရရှိနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

.

သဇင်ထူးမြင့်လေးက အနုပညာအလုပ်တွေကို ဝါသနာပါတာကြောင့် ကြိုးကြိုးစားစားလုပ်ကိုင်နေခဲ့ပြီး လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေရတဲ့ အထိအောင်မြင်မှုတွေရရှိနေပြီပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားရှိနေခဲ့ပြီး လတ်တလောမှာ Facebook မှာ Follower (၅)သိန်းအထိရှိနေခဲ့ပါတယ်

 

သဇင်ထူးမြင့်လေးကတော့ အချိန်တိုတိုအတွင်းမှာ Follower (၅)သိန်းပြည့်ခဲ့တဲ့ အထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို တဟုန်ထိုးရရှိနေတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေထဲမှာရော သဇင်ထူးမြင့်လေးကို အားပေးတဲ့ သဇင်ထူးမြင့်ရဲ့ အမာခံပရိသတ်တွေရှိကြလား။

Chilli – CeleGabar

Source – ThaZin Htoo Myint#CREDIT ORIGINAL POSTER