Celebrities

အလုပ်တွေ မရှိတဲ့အချိန်မှာ ကြော်ငြာခေါ်ရိုက် တဲ့အပြင် ပစ္စည်းအစုံ နဲ့ ကန်တော့ခဲ့ တဲ့ ဖြူဖြူထွေးကြောင့် ဝမ်းသာခဲ့ရတဲ့ ဘုန်းလျှံ

တချိန် က အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲ

ဖြစ်ပါတယ်။ ဘုန်းလျှံက အကြမ်းအနုဇာတ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာလည်းဖြစ်ပါတယ်…..။ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသားချောဘုန်းလျှံက ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာလည်းဖြစ်ပါတယ်။ ယခုလို နည်းပါးနေချိန်

ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပရဟိတ မင်းသမီးချောလေးဖြူဖြူထွေးက ကြော်ငြာခေါ်ရိုက်တာကြောင့် ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်……။ကြော်ငြာခေါ်ရိုက်တဲ့အပြင် လိုအပ်တဲ့ပစ္စည်းအစုံအလင်ကိုလည်း ကန်တော့လိုက်တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြောင်းကို မင်းသားချော ဘုန်းလျှံကသူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ” AYA bank..ကြော်ငြာရိုက်ပြီးကန်တော့ခံရတော့ဝမ်းသာပိတိဖြစ်ရပါတယ်…..ညီမလေးဖြူဖြူထွေးရေ” ဆိုတဲ့ စာသားလေးအပြင် ပုံလေးတွေကိုလည်း တင်ပေးလာတာပါ။ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ အလှူဒါနလေးကို သာဓုခေါ်နိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။

#crd