Celebrities

ညိုထွေးနဲ့ ပတ်သက်ပြီး အမှတ်တရလက်ဆောင်လေးထပ်ရလိုက်တဲ့ မေမီကိုကို

မေမီကိုကိုကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မေမီကိုကိုကတော့ ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း MRTV – 4 မှာ ထုတ်လွှင့်ပြသနေတဲ့ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲမှာ “ညိုထွေး”ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ထားပြီ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရပါသေးတယ်။ “ဂျီဟောသူ”ဇာတ်လမ်းတွဲမှာ ပရိသတ်တွေက ညိုထွေးလေးအနေနဲ့ မေမီကိုကိုရဲ့ သရုပ်ဆောင်မှုက ပရိသတ်တွေက အမှတ်တရလက်ဆောင်တွေပေးတဲ့အထိကို အသိအမှတ်ပြုဂုဏ်ပြုခံနေရတာတွေလည်း ရှိနေပါတယ်။

ဒီနေ့မှာလည်း မေမီကိုကိုက “ဂျီဟောသူ” ဇာတ်လမ်းတွဲထဲက သူ့ရဲ့ဇာတ်ကောင် ညိုထွေးရဲ့ပုံလေးကို ပုံတူ ခဲပန်းချီလေးလက်ဆောင်ထပ်မံရရှိခဲ့ပြန်ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော ညိုထွေးလေးရဲ့ ပရိသတ်တွေ ရှိကြလား။ ညိုထွေးလေးရဲ့ပရိသတ်တွေရှိရင် အလင်းပြခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – May Mi Ko Ko