Celebrities

အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူးခဲ့တဲ့ အမှတ်တရနေ့ရက်လေးကို ပရိသတ်တွေကို မျှဝေလာတဲ့ ဟန်တီ

ဟန်တီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာတောက်ပလာတဲ့ငွေကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲတွေဝင်ပြိုင်ခဲ့သလို ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

ဟန်တီကတော့ သူ့ဘဝရဲ့မမေ့နိုင်စရာအမှတ်တရနေ့လေးကို ပြန်လည်မျှဝေလာတာပါ။ သူကတော့မြန်မာနိုင်ငံကိုယ်စားပြု Miss Suparational Myanmar တစ်ယောက်ဖြစ်သလို Miss World Myanmar တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဒီနေ့လေးမှာ Miss World Myanmar သရဖူလေးကို ရရှိပိုင်ဆိုင်ခဲ့တာပါ။ ဒီလိုအောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့ အမှတ်တရနေ့လေးကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေလာခဲ့ပါတယ်။

ပရိသတ်ကြီးရေဟန်တီကတော့အသက်ငယ်ငယ်လေးနဲ့ အလှမယ်၊မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်လာခဲ့သူပါ။ အခုဆိုရင်တော့ Miss World Myanmar သရဖူလေးကိုပိုင်ဆိုင်ခဲ့တာ (၂)နှစ်ရှိခဲ့ပါပြီနော်…
Source : HanThi