Celebrities

ပုဂံအလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ တိုင်ရွန်

အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ မဒီလေးတွေရဲ့အသည်းကျော်မင်းသားချောတွေထဲမှာတော့ တိုင်ရွန်တစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်နိုင်စွမ်းရှိတာကြောင့်လည်း တိုင်ရွန်ကတော့ အောင်မြင်လာတဲ့ မင်းသားတွေထဲကတစ်ယောက်ဖြစ်နေတာပါ။

တိုင်ရွန်ကတော့ပရိသတ်တွေကိုသူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို မကြာခဏဆိုသလို ပြန်လည်မျှဝေလေ့ရှိသူတစ်ယောက်ပါ။ ဒါ့အပြင်လိုအပ်တဲ့နေရာတွေမှာလည်း အလှူပြုလုပ်ဖိုအတွက် မမေ့တတ်တဲ့သူတစ်ယောက်လို့ဆိုရမှာပါ။ အခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့နှလုံးသားဖြစ်တဲ့ ပုဂံမြို့တော်ကြီးကို ရောက်ရှိနေတာဖြစ်ပြီး ပုဂံအလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာဝါဆိုသင်္ကန်းကပ်လှူခဲ့ပါသေးတယ်။

အဲ့ဒီအကြောင်းကိုတော့ တိုင်ရွန်ကသူ့ရဲ့ဖေ့ဘွတ်ခ် My Story မှာတင်ထားတာပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ အနုပညာအလုပ်တွေကြိုးစားတာကြောင့် အောင်မြင်မှုတွေရရှိလာသလို လိုအပ်တဲ့နေရာမှာလည်း လှူဒါန်းဖို့မမေ့တတ်တဲ့ စိတ်ထားလှသူတစ်ယောက်ပါပဲနော်…
Source:TyronBejay