Celebrities

ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ခွဲစိတ်မှုအတွက် ၇ သိန်းကို ကူညီပေးခဲ့တဲ့ ပြေတီဦး

ပရိသတ်ကြီးရေ ပြေတီဦးကတော့ ထပ်ဆင့်အကယ်ဒမီ (၄)ဆုကိုပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသားတစ်လက်ပါ။ မြန်မာစာမြန်မာစကား အစီအစဉ်ကနေ စတင်ပြီး ပရိသတ်တွေသတိထားမိခဲ့ကာ နောက်ပိုင်းမှာတော့ ရုပ်ဇာတ်ကားတွေဗီဒီယိုဇာတ်လမ်းတွဲတွေမှာ ဝပ်ဝပ်ကွဲအောင်မြင်လာခဲ့ပြီး ၂၀၁၀၊ ၂၀၁၂၊၂၀၁၃၊၂၀၁၄ တွေမှာ အကယ်ဒမီထူးချွန်ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

အနုပညာအပိုင်းမှာတင်ထူးချွန်ရုံသာမက လူမှုရေးအပိုင်းမှာလည်း ပြေတီဦးကတော့ ဟိတ်ဟန်မရှိဘဲ

ဇာတ်ပို့ဇာတ်ရန်တွေနဲ့ အမြဲ အဆင်ပြေရင်းနှီးကာ ဆက်ဆံရေးလည်း ပြေပြစ်တဲ့မင်းသားတစ်လက်ပါ။ ဒီနေ့မှာတော့ “ကိုပြည့်၀ ခွဲစိတ်မှုအတွက်(၁၆ )သိန်းကျော်ကျတာမှာ

လိုအပ်တဲ့ ငွေ ၇သိန်းကို တီတီ ( ပြေတီဦး ) မှ ကျမဆီလွှဲပေးလိုက်သည့်အတွက်ညတွင်းချင်း ဆေးရုံကို သွားပေးခဲ့ပါသည် ။ကျေးဇူးပါ တီတီရေ ”ဆိုပြီး ဇာတ်ပို့ဇာတ်ရန်အေးသီတာမှတင်လာခဲ့တာပါ။

ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)အတွက် လိုအပ်နေတဲ့ဆေးကုသစရိတ်ကို ချက်ချင်းထုတ်ပေးကာ ပရဟိတစိတ်၊ အနုပညာသမားအချင်းချင်းဘယ်သူဘယ်ဝါဆိုပြီးမခွဲခြားဘဲကူညီပေးတတ်တဲ့သူပါပဲနော်။

ပရိသတ်ကြီးလည်း ပြေတီဦးရဲ့ မွန်မြတ်တဲ့ကူညီမှု အတွက်သာဓုခေါ်ပေးခဲ့ပါဦးနော်။

Source: AyeThida