Local News

အသက္ (၇၇)ႏွစ္ အ႐ြယ္အဖိုး ေမာင္ေက်ာ္ေျပာတဲ့ သူ႔ဘဝရဲ႕ သင္ခန္းစာယူစရာမ်ား..(စိတ္မေကာင္းလိုက္တာအဖိုးရယ္…)

အသက္(၇၇)ႏွစ္အ႐ြယ္အဖိုး ေမာင္ေက်ာ္၏ သင္ခန္းစာယူစရာ သံေဝဂရစရာ အျဖစ္အပ်က္

သင္ခန္းစာယူစရာ သံေဝဂရစရာ အျဖစ္အပ်က္ေတြနဲ႔ျမဆည္းဆာသို႔ ထပ္မံေရာက္ရွိလာတဲ့ အသက္(၇၇)ႏွစ္အ႐ြယ္အဖိုး ေမာင္ေက်ာ္ အဖိုးနာမည္က ဦးေမာင္ေက်ာ္ (၇၇)ႏွစ္ဇာတိက ရခိုင္ျပည္နယ္ မင္းျပား က ျဖစ္ပါတယ္။

မိဘေတြဆုံးၿပီးေနာက္ အသက္(၂၄)ႏွစ္အ႐ြယ္ထဲကစၿပီးေျမပုံၿမိဳ႕မွာ သကၤန္းစီးၿပီး သာသနာ့ေဘာင္ဝင္ခဲ့သူ ျဖစ္ပါတယ္။ သာသနာ့ေဘာင္မွာ စာသင္သားအျဖစ္ ေနရာစုံ ေက်ာင္းေပါင္းစုံမွာ သာသနာျပဳရင္း ေနာက္ဆုံး ဧရာဝတီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕ ငေဖာေက်း႐ြာရွိေက်ာင္းမွာ သာသနာျပဳရင္း ေက်ာင္းထိုင္ဘုန္းႀကီးအထိ ျဖစ္ခဲ့ပါတယ္။

အဖိုး၏ ေျပာၾကားခ်က္အရ နာဂစ္ကာလမွာ ေရစိုေနတဲ့ ဝထၱဳေငြေလးေတြကို ေနထုတ္လွန္းတာကို ျမင္တဲ့ မာတုကာမ တစ္ဦးမွေက်ာင္းမွာ ေဝယ်ာဝစၥလုပ္ဖို႔ အတင္းကပ္ေနထိုင္ခဲ့ရာမွ အတိုခ်ဳပ္ေျပာရလွ်င္ ေနာက္ဆုံးကိုယ္ေတာ္လဲ ဈာန္ေလ်ာကာ လူထြက္ခဲ့ၿပီးအဲဒီအမ်ိဳးသမီးနဲ႔ ေပါင္းသင္းေနထိုင္ခဲ့ပါတယ္။

အဖိုးသာသနာ့ေဘာင္မွထြက္ၿပီး အမ်ိဳးသမီးနဲ႔ စေပါင္းသင္းခ်ိန္မွာ အဖိုးက(၆၄)ႏွစ္ အမ်ိဳးသမီးက (၄၈)ႏွစ္ ျဖစ္ပါတယ္တဲ့။ ေပါင္းသင္းၿပီးမွ သိရသည္မွာ အမ်ိဳးသမီးက အိမ္ေထာင္(၆)ဆက္က်ခဲ့ဖူးၿပီး စေပါင္းေတာ့ သား(၂)ေယာက္နဲ႔ သမီး(၁)ေယာက္ပါလာသည္ဟုေျပာပါသည္။

ဒီလိုနဲ႔လုပ္ကိုင္စားေသာက္ရင္း (၅)ႏွစ္ေလာက္ေပါင္းၿပီးေနာက္စုေဆာင္းထားတာလဲကုန္ လုပ္ကိုင္စားေသာက္ရတာလဲ ခက္ခဲ လာေတာ့ အမ်ိဳးသမီးက အဖိုးကို ပစ္သြားၿပီး ထြက္သြားခဲ့ပါသည္။ အဖိုးလဲ လပြတၱာမွာပဲဆက္လက္ေနထိုင္ၿပီး သူမ်ားလယ္မွာသူရင္းဌား ပုံစံေနထိုင္ရင္း ဝိုင္းလုပ္ဝိုင္းစားနဲ႔ေနထိုင္လာခဲ့ရာ ယခုအသက္(၇၀) ေက်ာ္လာၿပီး ဒူလဲမေကာင္းေတာ့သျဖင့္

မလုပ္မကိုင္ႏိုင္ျဖစ္လာ၍သူမ်ားအိမ္မွာ ေနထိုင္ဖို႔ မသင့္ေတာ္ေတာ့ဟုယူဆၿပီး ရန္ကုန္ၿမိဳ႕သို႔ ထြက္လာခဲ့ပါသည္။ ထိုမွတဆင့္မုတၱမဘူတာတြင္ခိုကိုးရာမဲ့အျဖစ္ေနထိုင္ရင္းထမင္းစားဖို႔ေငြေၾကးေလးမ်ားအလႉခံရာမွ ျပည္သူမ်ားမွ ေတြ႕ရွိေမးျမန္းၿပီး ေငြေၾကးမ်ားလဲ ဝိုင္းဝန္းလႉဒါန္းကာ ဆိုင္ကယ္တစ္စီးျဖင့္ ျမဆည္းဆာရိပ္သာသို႔ ပို႔ေဆာင္ေပးခဲ့ရာမွ ေရာက္ရွိလာခဲ့ျခင္း ျဖစ္ပါသည္။

ျမဆည္းဆာ ဆရာေတာ္ႏွင့္တကြ အက်ိဳးေတာ္ေဆာင္မ်ားမွလည္း အေျခအေန အက်ိဳးအေၾကာင္းေမးျမန္းစီစစ္ၿပီး အမွန္တကယ္ ခိုကိုးရာမဲ့ျဖစ္ေနခဲ့သည့္ အဖိုးတစ္ဦးျဖစ္ေၾကာင္း သိရွိရသည့္အတြက္Dr.တိုးတိုးေအာင္ အား က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေစၿပီးျမဆည္းဆာ မွ လက္ခံေစာင့္ေရွာက္ ထားလိုက္ပါၿပီး။

ရခိုင္လူမ်ိဳး အဖိုးကေတာ့ အလုပ္ၾကမ္းသမားျဖစ္လို႔ထင္တယ္။သန္ေတာ့သန္မာပါတယ္။ ဒါေပမဲ့ (၇၇)ႏွစ္ဆိုတဲ့ အသက္အ႐ြယ္ နဲ႔မမွ် ဒဏ္ေတြခံခဲ့ရေတာ့ ပင္ပန္းလြန္းလွပါၿပီး။အဖိုးသာ ေက်ာင္းထိုင္ဘဝနဲ႔ သာသနာဆက္ျပဳခဲ့ရင္ ဒီခ်ိန္ဆို သာသနာ့ အာဇာနည္ေကာင္း တပါးတာ့ ျဖစ္ေနေလာက္ၿပီးထင္ပါတယ္။ ဒါေပမဲ့လည္း လူ႔ဘုံဇာတ္ခုံ အစုံစုံေပါ့ေလ။အေကာင္းဆုံး နားခိုရာေနရာ ေရာက္ပါၿပီး အဖိုးေရ။

လူ႔ဘဝဇာတ္ခုံအဖုံဖုံမွာ နည္းမ်ိဳးစုံနဲ႔ က်င္လည္ခဲ့ၾကၿပီးဘဝေနဝင္ခ်ိန္ ေရာက္ခါနီးမွ ဒုကၡေပါင္းစုံနဲ႔အခက္အခဲျဖစ္ေနၾကတဲ့အဘိုးအဘြားေတြကိုျမဆည္းဆာမွကူညီေဖးမေစာင့္ေရွာက္ေပးေနလွ်က္ရွိပါသည္။ “ျမဆည္းဆာ”ဘိုးဘြားမ်ားခိုလႈံရာရိပ္သာမုေရာင္းေက်း႐ြာ ေမာ္လၿမိဳင္ၿမိဳ႕။

ေမာ္လၿမိဳင္-က်ိဳက္မေရာသြား ကားလမ္းမေဘးအားကာသိပၸံအလြန္ ထန္းပင္တန္းအနီး ျမဆည္းဆာဘိုးဘြားမ်ားခိုလႈံရာရိပ္သာတည္ေဆာက္ေနမႈလုပ္ငန္း၌ တတပ္တအား ကုသိုလ္ပါဝင္လိုသူမ်ား အေနျဖင့္ ေအာက္ပါဖုန္းနံပါတ္မ်ားႏွင့္ ဘဏ္အေကာင့္မ်ားသို႔ ဆက္သြယ္စုံစမ္း လႉဒါန္းႏိုင္ပါသည္။

ျမဆည္းဆာ ဘဏ္အေကာင့္08330208302104801(KBZ)0159600500029831 (CB ဘဏ္)

ျမဆည္းဆာရိပ္သာ ႐ုံးဖုန္း

09 446446780

09 446446790

ဘဒၵႏၲနရိႏၵ (ျမေစတီစာသင္တိုက္)

ရိပ္သာတည္ေဆာက္ေရးဦးေဆာင္ပဓါနနာယကဆရာေတာ္

09 425300140

09 691271969

ကိုဇင္မိုး (အက်ိဳးေတာ္ေဆာင္)

09 442158281

09 968446565

ဦးျမင့္ဦး (အက်ိဳးေတာ္ေဆာင္)

09 780002397

09 5322044

ဦးမ်ိဳးႏိုင္ (အက်ိဳးေတာ္ေဆာင္)

09 792404429

Unicode

အသက်(၇၇)နှစ်အရွယ်အဖိုး မောင်ကျော်၏ သင်ခန်းစာယူစရာ သံဝေဂရစရာ အဖြစ်အပျက်

သင်ခန်းစာယူစရာ သံဝေဂရစရာ အဖြစ်အပျက်တွေနဲ့မြဆည်းဆာသို့ ထပ်မံရောက်ရှိလာတဲ့ အသက်(၇၇)နှစ်အရွယ်အဖိုး မောင်ကျော် အဖိုးနာမည်က ဦးမောင်ကျော် (၇၇)နှစ်ဇာတိက ရခိုင်ပြည်နယ် မင်းပြား က ဖြစ်ပါတယ်။

မိဘတွေဆုံးပြီးနောက် အသက်(၂၄)နှစ်အရွယ်ထဲကစပြီးမြေပုံမြို့မှာ သင်္ကန်းစီးပြီး သာသနာ့ဘောင်ဝင်ခဲ့သူ ဖြစ်ပါတယ်။ သာသနာ့ဘောင်မှာ စာသင်သားအဖြစ် နေရာစုံ ကျောင်းပေါင်းစုံမှာ သာသနာပြုရင်း နောက်ဆုံး ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ ငဖောကျေးရွာရှိကျောင်းမှာ သာသနာပြုရင်း ကျောင်းထိုင်ဘုန်းကြီးအထိ ဖြစ်ခဲ့ပါတယ်။

အဖိုး၏ ပြောကြားချက်အရ နာဂစ်ကာလမှာ ရေစိုနေတဲ့ ဝထ္တုငွေလေးတွေကို နေထုတ်လှန်းတာကို မြင်တဲ့ မာတုကာမ တစ်ဦးမှကျောင်းမှာ ဝေယျာဝစ္စလုပ်ဖို့ အတင်းကပ်နေထိုင်ခဲ့ရာမှ အတိုချုပ်ပြောရလျှင် နောက်ဆုံးကိုယ်တော်လဲ ဈာန်လျောကာ လူထွက်ခဲ့ပြီးအဲဒီအမျိုးသမီးနဲ့ ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။

အဖိုးသာသနာ့ဘောင်မှထွက်ပြီး အမျိုးသမီးနဲ့ စပေါင်းသင်းချိန်မှာ အဖိုးက(၆၄)နှစ် အမျိုးသမီးက (၄၈)နှစ် ဖြစ်ပါတယ်တဲ့။ ပေါင်းသင်းပြီးမှ သိရသည်မှာ အမျိုးသမီးက အိမ်ထောင်(၆)ဆက်ကျခဲ့ဖူးပြီး စပေါင်းတော့ သား(၂)ယောက်နဲ့ သမီး(၁)ယောက်ပါလာသည်ဟုပြောပါသည်။

ဒီလိုနဲ့လုပ်ကိုင်စားသောက်ရင်း (၅)နှစ်လောက်ပေါင်းပြီးနောက်စုဆောင်းထားတာလဲကုန် လုပ်ကိုင်စားသောက်ရတာလဲ ခက်ခဲ လာတော့ အမျိုးသမီးက အဖိုးကို ပစ်သွားပြီး ထွက်သွားခဲ့ပါသည်။ အဖိုးလဲ လပွတ္တာမှာပဲဆက်လက်နေထိုင်ပြီး သူများလယ်မှာသူရင်းဌား ပုံစံနေထိုင်ရင်း ဝိုင်းလုပ်ဝိုင်းစားနဲ့နေထိုင်လာခဲ့ရာ ယခုအသက်(၇၀) ကျော်လာပြီး ဒူလဲမကောင်းတော့သဖြင့်

မလုပ်မကိုင်နိုင်ဖြစ်လာ၍သူများအိမ်မှာ နေထိုင်ဖို့ မသင့်တော်တော့ဟုယူဆပြီး ရန်ကုန်မြို့သို့ ထွက်လာခဲ့ပါသည်။ ထိုမှတဆင့်မုတ္တမဘူတာတွင်ခိုကိုးရာမဲ့အဖြစ်နေထိုင်ရင်းထမင်းစားဖို့ငွေကြေးလေးများအလှူခံရာမှ ပြည်သူများမှ တွေ့ရှိမေးမြန်းပြီး ငွေကြေးများလဲ ဝိုင်းဝန်းလှူဒါန်းကာ ဆိုင်ကယ်တစ်စီးဖြင့် မြဆည်းဆာရိပ်သာသို့ ပို့ဆောင်ပေးခဲ့ရာမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

မြဆည်းဆာ ဆရာတော်နှင့်တကွ အကျိုးတော်ဆောင်များမှလည်း အခြေအနေ အကျိုးအကြောင်းမေးမြန်းစီစစ်ပြီး အမှန်တကယ် ခိုကိုးရာမဲ့ဖြစ်နေခဲ့သည့် အဖိုးတစ်ဦးဖြစ်ကြောင်း သိရှိရသည့်အတွက်Dr.တိုးတိုးအောင် အား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်စေပြီးမြဆည်းဆာ မှ လက်ခံစောင့်ရှောက် ထားလိုက်ပါပြီး။

ရခိုင်လူမျိုး အဖိုးကတော့ အလုပ်ကြမ်းသမားဖြစ်လို့ထင်တယ်။သန်တော့သန်မာပါတယ်။ ဒါပေမဲ့ (၇၇)နှစ်ဆိုတဲ့ အသက်အရွယ် နဲ့မမျှ ဒဏ်တွေခံခဲ့ရတော့ ပင်ပန်းလွန်းလှပါပြီး။အဖိုးသာ ကျောင်းထိုင်ဘဝနဲ့ သာသနာဆက်ပြုခဲ့ရင် ဒီချိန်ဆို သာသနာ့ အာဇာနည်ကောင်း တပါးတာ့ ဖြစ်နေလောက်ပြီးထင်ပါတယ်။ ဒါပေမဲ့လည်း လူ့ဘုံဇာတ်ခုံ အစုံစုံပေါ့လေ။အကောင်းဆုံး နားခိုရာနေရာ ရောက်ပါပြီး အဖိုးရေ။

လူ့ဘဝဇာတ်ခုံအဖုံဖုံမှာ နည်းမျိုးစုံနဲ့ ကျင်လည်ခဲ့ကြပြီးဘဝနေဝင်ချိန် ရောက်ခါနီးမှ ဒုက္ခပေါင်းစုံနဲ့အခက်အခဲဖြစ်နေကြတဲ့အဘိုးအဘွားတွေကိုမြဆည်းဆာမှကူညီဖေးမစောင့်ရှောက်ပေးနေလျှက်ရှိပါသည်။ “မြဆည်းဆာ”ဘိုးဘွားများခိုလှုံရာရိပ်သာမုရောင်းကျေးရွာ မော်လမြိုင်မြို့။

မော်လမြိုင်-ကျိုက်မရောသွား ကားလမ်းမဘေးအားကာသိပ္ပံအလွန် ထန်းပင်တန်းအနီး မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာတည်ဆောက်နေမှုလုပ်ငန်း၌ တတပ်တအား ကုသိုလ်ပါဝင်လိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။

မြဆည်းဆာ ဘဏ်အကောင့်08330208302104801(KBZ)0159600500029831 (CB ဘဏ်)

မြဆည်းဆာရိပ်သာ ရုံးဖုန်း

09 446446780

09 446446790

ဘဒ္ဒန္တနရိန္ဒ (မြစေတီစာသင်တိုက်)

ရိပ်သာတည်ဆောက်ရေးဦးဆောင်ပဓါနနာယကဆရာတော်

09 425300140

09 691271969

ကိုဇင်မိုး (အကျိုးတော်ဆောင်)

09 442158281

09 968446565

ဦးမြင့်ဦး (အကျိုးတော်ဆောင်)

09 780002397

09 5322044

ဦးမျိုးနိုင် (အကျိုးတော်ဆောင်)

09 792404429