Local News

ရန္ျဖစ္ေနတဲ့ လင္မယားၾကားထဲဝင္တဲ့ အမ်ိဳးသားရဲ႕ စိတ္မေကာင္းဖြယ္အျဖစ္…

အုတ္ဖိုၿမိဳ့နယ္တြင္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္သည္ကို ၀င္ေရာက္ျဖန္‌ေျဖရာမွ ဓားျဖင့္ခုတ္သတ္ခံရ

အုတ္ဖို ဇြန္ ၂၃

ယ‌ေန ဇြန္ လ ၂၃ ရက္ေန႔ နံနက္ ၄ နာရီေက်ာ္ခန႔္က အုတ္ဖိုၿမိဳ့နယ္ ၀င္းသရက္ေက်းရြာရွိ ဦီးစံတင္ေနအိမ္၌ ‌ေနအိမ္ပိုင္ရွင္ ႏွင့္အတူ တစ္ရြာတည္းေနသူတို့ႏွစ္ဦး အရက္အတူေသာက္ေနစဥ္ အိမ္ပိုင္ရွင္ႏွင့္ဇနီးျဖစ္သူတို့ စကားမ်ားရန္ျဖစ္ၾကၿပီး ေစာခ်စ္ေထြးဆိုသူမွ ၀င္စြဲရာ အိမ္ပိုင္ရွင္ဦးစံတင္ဆိုသူမွ ေစာခ်စ္ေထြးဆိုသူအား ဓါးျဖင့္ခုတ္၍ လူသတ္မွုျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီ ၀င္းသရက္ေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦး၀င္းေမာင္မွ ၎အပိုင္ေက်းရြာအတြင္း၌ လူသတ္မွုျဖစ္ပြားေၾကာင္း ရဲဌာနသို့ သတင္းေပးပို့လာခဲ့ရာ ဒုရဲမွူး-လွိုင္၀င္း ႏွင့္အတူ ဒုရဲအုပ္-ေအာင္မ်ိဳး၀င္းတို့သည္ အခင္းျဖစ္အရပ္သို့သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူ ေစာခ်စ္ေထြးသည္ ေတာင္ယာလုပ္ရန္ ဦးစံတင္၏ေနအိမ္တြင္ညအိပ္၍ အရက္အတူေသာက္စဥ္ ဦးစံတင္ႏွင့္၎၏ဇနီးျဖစ္သူတို့ စကားမ်ားရန္ျဖစ္ၿပီး ဦးစံတင္မွ ဇနီးအား ဓါးျဖင့္ခုတ္သည္တြင္ ဇနီးျဖစ္သူ၌ ဝဲဘက္ခ်ိဳေစာင္း ျပတ္ရွဒါဏ္ရာတစ္ခ်က္၊ ဝဲဘက္ေက်ာကုန္းျပတ္ရွ ဒဏ္ရာတစ္ခ်က္၊ ဝဲဘက္ လက္ခလယ္တစ္ေခ်ာင္း ျပတ္ရွဒဏ္ရာတစ္ခ်က္တို့ရရွိသည္ကို ၀င္ေရာက္ျဖန္‌ ေျဖေသာ ေစာခ်စ္ေထြးအားဓါးျဖင့္ဆက္လက္၍ ခုတ္ရာ ဦးေခါင္းဝဲဘက္ ျပတ္ရွဒဏ္ရာ ေလးခ်က္တို့ျဖင့္ ေစာခ်စ္ေထြးေသဆုံးသြားၿပီး ဦးစံတင္မွ အေလာင္းအား ေနအိမ္ေအာက္ေျမျပင္သို့ ဆြဲခ်ကာ အေလာင္းအား မီးရွို့ထားသျဖင့္ ဦးေခါင္းပိုင္းႏွင့္ ေျခေထာက္ပိုင္းတို့တြင္ မီးေလာင္ဒါဏ္ရာမ်ားစစ္‌ေဆး ေတြ႕ရွိရေၾကာင္း ရဲဌာနမွ ထုတ္ျပန္ထားသည္။

ယင္းအမွုျဖစ္စဥ္ႏွင့္ ပတ္သက္၍ အုတ္ဖိုၿမိဳ့မရဲစခန္းမွ (ပ)၁၉၁/၂၀၂၀ ရာဇသတ္ႀကီးဉပ‌ေဒပုဒ္မ ၃၀၂/၃၂၄အရ အမွုဖြင့္ထားရွိၿပီး တရားခံဖမ္းမိနိူင္ေရး ေဆာင္ရြက္လၽွက္ရွိေၾကာင္း သိရသည္။

Unicode

အုတ်ဖိုမြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်သည်ကို ဝင်ရောက်ဖြန်‌ဖြေရာမှ ဓားဖြင့်ခုတ်သတ်ခံရ

အုတ်ဖို ဇွန် ၂၃

ယ‌နေ ဇွန် လ ၂၃ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်က အုတ်ဖိုမြို့နယ် ဝင်းသရက်ကျေးရွာရှိ ဦီးစံတင်နေအိမ်၌ ‌နေအိမ်ပိုင်ရှင် နှင့်အတူ တစ်ရွာတည်းနေသူတို့နှစ်ဦး အရက်အတူသောက်နေစဉ် အိမ်ပိုင်ရှင်နှင့်ဇနီးဖြစ်သူတို့ စကားများရန်ဖြစ်ကြပြီး စောချစ်ထွေးဆိုသူမှ ဝင်စွဲရာ အိမ်ပိုင်ရှင်ဦးစံတင်ဆိုသူမှ စောချစ်ထွေးဆိုသူအား ဓါးဖြင့်ခုတ်၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီ ဝင်းသရက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်မှ ၎င်းအပိုင်ကျေးရွာအတွင်း၌ လူသတ်မှုဖြစ်ပွားကြောင်း ရဲဌာနသို့ သတင်းပေးပို့လာခဲ့ရာ ဒုရဲမှူး-လှိုင်ဝင်း နှင့်အတူ ဒုရဲအုပ်-အောင်မျိုးဝင်းတို့သည် အခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ စောချစ်ထွေးသည် တောင်ယာလုပ်ရန် ဦးစံတင်၏နေအိမ်တွင်ညအိပ်၍ အရက်အတူသောက်စဉ် ဦးစံတင်နှင့်၎င်း၏ဇနီးဖြစ်သူတို့ စကားများရန်ဖြစ်ပြီး ဦးစံတင်မှ ဇနီးအား ဓါးဖြင့်ခုတ်သည်တွင် ဇနီးဖြစ်သူ၌ ဝဲဘက်ချိုစောင်း ပြတ်ရှဒါဏ်ရာတစ်ချက်၊ ဝဲဘက်ကျောကုန်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဝဲဘက် လက်ခလယ်တစ်ချောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိသည်ကို ဝင်ရောက်ဖြန်‌ ဖြေသော စောချစ်ထွေးအားဓါးဖြင့်ဆက်လက်၍ ခုတ်ရာ ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ လေးချက်တို့ဖြင့် စောချစ်ထွေးသေဆုံးသွားပြီး ဦးစံတင်မှ အလောင်းအား နေအိမ်အောက်မြေပြင်သို့ ဆွဲချကာ အလောင်းအား မီးရှို့ထားသဖြင့် ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်းတို့တွင် မီးလောင်ဒါဏ်ရာများစစ်‌ဆေး တွေ့ရှိရကြောင်း ရဲဌာနမှ ထုတ်ပြန်ထားသည်။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍ အုတ်ဖိုမြို့မရဲစခန်းမှ (ပ)၁၉၁/၂၀၂၀ ရာဇသတ်ကြီးဉပ‌ဒေပုဒ်မ ၃၀၂/၃၂၄အရ အမှုဖွင့်ထားရှိပြီး တရားခံဖမ်းမိနိူင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။