Local News

ဒီလို တာဝန္ယူမႈ တာဝန္ခံမႈမရွိတဲ့ ႏိုင္ငံမွာလူျဖစ္ရတာ မင္းအတြက္ ကံဆိုးတယ္လို႔သတ္မွတ္လိုက္ပါေတာ့ကြာ..(စိတ္မေကာင္းလိုက္တာ ကေလးရာယ္..)

ကြမ္းၿခံကုန္းၿမိဳ႕ ေတာ္ခရမ္းႀကီးေညာင္ဝိုင္းေက်းရြာမွ ၆ တန္း ေက်ာင္းသားအရြယ္ ကေလးတစ္ေယာက္ဟာ လယ္ေစာင့္တဲအတြင္း အိပ္ေနရာမွ ကေလးငယ္ရဲ့ လက္ကိုေႁမြေဟာက္ကိုက္ခံရပါတယ္။ ေႁမြကိုက္ခံရမူေၾကာင့္ မိဘမ်ားမွ အေရးေပၚ ကယ္ဆယ္ေရး လုပ္ရန္ ႀကိဳးစားခဲ့ၿပီးၿမိဳ႕နယ္ေဆး႐ုံသို႔ အခ်ိန္မွီ ပို႔ေပးနိုင္ခဲ့ပါတယ္…

ဒါေပမယ့္….(ဒီ ဒါေပမယ့္ဆိုတဲ့ စကားရဲ့ေနာက္မွာ အသက္တစ္ေခ်ာင္းေပးဆပ္လိုက္ရပါတယ္။) ရန္ကုန္ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီးသို႔ အသြား ပန္းလွိုင္တံတား အေရာက္မွာပဲကေလးဟာ အသက္ဆုံးရႈံးလိုက္ရပါတယ္။

ျမန္မာႏိုင္ငံမွာ က်န္းမာေရးနဲ႔ပတ္သက္လို႔ တစ္ခ်ိဳ႕ေသာ၀န္ေဆာင္မႈမ်ားမွာ အခုခ်ိန္ထိ ေ၀ဖန္ေျပာဆိုစရာေတြကရိွေနစဲ ျဖစ္ပါတယ္။ ဆရာ၀န္ဆရာမ အားလံုးကို မဆိုလိုပါ။ တစ္ခ်ိဳ႕ဆိုလည္း မနားမေနပင္ပန္းႀကီးစြာ တာ၀န္ထမ္းေဆာင္ေနၾကတာျဖစ္ပါတယ္။ အဲဒီလို ဆရာ၀န္ဆရာမ သူနာျပဳေတြကိုလည္း ေလးစားပါတယ္ဗ်ာ။

ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ဆရာ၀န္ ဆရာမေတြဟာ ကိုယ့္ရာထူးဂုဏ္ရိွန္ကိုမွမေထာက္ ေမာက္မာတာ လူနာကို သိပ္ပီးအေရးမလုပ္တာ၊ အခ်ိန္မွီေဆာင္ရြက္စရာေတြကို မလုပ္တာေတြဟာ တစ္ဖက္မွာေပးဆပ္လိုက္ရတာေတြက ဘ၀ေတြအသက္ေတြပါဆိုတာကိုေျပာခ်င္တာပါ။ အားလံုး က်န္းမာခ်မ္းသာၾကပါေစဗ်ာ

Unicode

ကွမ်းခြံကုန်းမြို့ တော်ခရမ်းကြီးညောင်ဝိုင်းကျေးရွာမှ ၆ တန်း ကျောင်းသားအရွယ် ကလေးတစ်ယောက်ဟာ လယ်စောင့်တဲအတွင်း အိပ်နေရာမှ ကလေးငယ်ရဲ့ လက်ကိုမြွေဟောက်ကိုက်ခံရပါတယ်။ မြွေကိုက်ခံရမူကြောင့် မိဘများမှ အရေးပေါ် ကယ်ဆယ်ရေး လုပ်ရန် ကြိုးစားခဲ့ပြီးမြို့နယ်ဆေးရုံသို့ အချိန်မှီ ပို့ပေးနိုင်ခဲ့ပါတယ်…

ဒါပေမယ့်….(ဒီ ဒါပေမယ့်ဆိုတဲ့ စကားရဲ့နောက်မှာ အသက်တစ်ချောင်းပေးဆပ်လိုက်ရပါတယ်။) ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ အသွား ပန်းလှိုင်တံတား အရောက်မှာပဲကလေးဟာ အသက်ဆုံးရှုံးလိုက်ရပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်ချို့သောဝန်ဆောင်မှုများမှာ အခုချိန်ထိ ဝေဖန်ပြောဆိုစရာတွေကရှိနေစဲ ဖြစ်ပါတယ်။ ဆရာဝန်ဆရာမ အားလုံးကို မဆိုလိုပါ။ တစ်ချို့ဆိုလည်း မနားမနေပင်ပန်းကြီးစွာ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ အဲဒီလို ဆရာဝန်ဆရာမ သူနာပြုတွေကိုလည်း လေးစားပါတယ်ဗျာ။

ဒါပေမယ့် တစ်ချို့သော ဆရာဝန် ဆရာမတွေဟာ ကိုယ့်ရာထူးဂုဏ်ရှိန်ကိုမှမထောက် မောက်မာတာ လူနာကို သိပ်ပီးအရေးမလုပ်တာ၊ အချိန်မှီဆောင်ရွက်စရာတွေကို မလုပ်တာတွေဟာ တစ်ဖက်မှာပေးဆပ်လိုက်ရတာတွေက ဘဝတွေအသက်တွေပါဆိုတာကိုပြောချင်တာပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေဗျာ