International News

သုံးဘီးကားေပၚမွာေတာင္ မေရွာင္ဆက္ဆံေနတဲ့ စုံတြဲ..

ဘန္ေကာက္ၿမိဳ႕တြင္း လမ္းေပၚတြင္ မနက္ခင္းအေစာပိုင္း ေမာင္းေနသည့္ သုံးဘီးကားတစ္စင္းေပၚ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ လိင္ဆက္ဆံေနသည္ကို ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္ႏွစ္ခု အြန္လိုင္းေပၚ ေရာက္ရွိလာၿပီးေနာက္ ဒီဇင္ဘာ ၁၃ ရက္တြင္ လူမႈကြန္ရက္သုံးသူမ်ားအၾကား ေဝဖန္မႈ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

အြန္လိုင္းေပၚ ေရာက္လာသည့္ ဗီဒီယိုႏွစ္ခုထဲတြင္ သြားေနသည့္ သုံးဘီးကားေပၚတြင္ အမ်ိဳးသမီးတစ္ဦးသည္ အမ်ိဳးသား ခရီးသည္တစ္ဦး၏ ေပါင္ေပၚ ထိုင္ေနရင္း ၎တို႔ႏွစ္ဦး လိင္ဆက္ဆံေနျခင္းကို ေတြ႕ရွိခဲ့ရသည္ဟု ဆိုသည္။ ပထမ ဗီဒီယိုဖိုင္တြင္ ခရီးသည္ ငါးဦး (အမ်ိဳးသား သုံးဦး၊ အမ်ိဳးသမီး ႏွစ္ဦး) တို႔သည္ သုံးဘီးကား (တုတ္တုတ္) တစ္စီးျဖင့္ လိုက္ပါသြားေနသည္ကို ေတြ႕ခဲ့ရသည္။

အမ်ိဳးသမီးတစ္ဦးသည္ အမ်ိဳးသားတစ္ဦး၏ ေရွ႕ဘက္ ေပါင္ေပၚတြင္ တက္ထိုင္ေနခဲ့ၿပီး သူမ၏ စကတ္ကို မတင္ထားကာ ႏွစ္ဦးသား လိင္ဆက္ဆံေနသည္ကို ျမင္ေတြ႕ခဲ့ရသည္။ ယင္းဗီဒီယိုဖိုင္ကို Khun-Khachen ဆိုသည့္ ေဖ့ဘြတ္ခ္အသုံးျပဳသူတစ္ဦးက တင္ထားခဲ့ျခင္း ျဖစ္သည္။ ယင္းအျပင္ အဆိုပါ အမ်ိဳးသမီး အလားတူအတိုင္း လုပ္ေနခဲ့သည္ကို ႐ိုက္ကူးထားသည့္ ဒုတိယဗီဒီယိုတစ္ခုကိုလည္း ၎ေဖ့ဘြတ္ခ္သုံးသူကပင္ တင္ထားေသးသည္။

ယင္း ဗီဒီယိုထဲတြင္ “အတြင္းခံ မပါဘူးလား” ဆိုသည့္ အသံကိုပါ ၾကားခဲ့ရေသးသည္။ ယင္း ဗီဒီယိုႏွစ္ခုကို အြန္လိုင္းေပၚ ေဝမွ်သူ မ်ားခဲ့ၿပီးေနာက္ အြန္လိုင္းသုံးသူမ်ားက ဝိုင္းဝန္းေဝဖန္ျပစ္တင္ရႈတ္ခ်ခဲ့ၾကသည္။ ဗုဒၶဘာသာႏိုင္ငံတစ္ႏိုင္ငံတြင္ အဆိုပါ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတို႔၏ လုပ္ရပ္မွာ သင့္ေတာ္ျခင္းမရွိဟု ျပစ္တင္ခဲ့ၾကသည္။ အလားတူ ရဲတပ္ဖြဲ႕အေနျဖင့္ ယင္းကိစၥကို စုံစမ္းစစ္ေဆးအေရးယူသင့္သည္ဟု ေဖ့ဘြတ္ခ္ သုံးသူမ်ားက ေရးသားထားၾကသည္။

ယင္း ဗီဒီယိုကို ေဖ့ဘြတ္ခ္ေပၚမွ ဖယ္ရွားမခံရမီ ၾကည့္ရႈမႈေပါင္း ႏွစ္သိန္းေက်ာ္ ရွိခဲ့သည္။ ယင္းျဖစ္စဥ္ကို ထိုင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

Unicode

ဘန်ကောက်မြို့တွင်း လမ်းပေါ်တွင် မနက်ခင်းအစောပိုင်း မောင်းနေသည့် သုံးဘီးကားတစ်စင်းပေါ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိင်ဆက်ဆံနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်နှစ်ခု အွန်လိုင်းပေါ် ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် လူမှုကွန်ရက်သုံးသူများအကြား ဝေဖန်မှု မြင့်တက်ခဲ့ကြောင်း သိရသည်။

အွန်လိုင်းပေါ် ရောက်လာသည့် ဗီဒီယိုနှစ်ခုထဲတွင် သွားနေသည့် သုံးဘီးကားပေါ်တွင် အမျိုးသမီးတစ်ဦးသည် အမျိုးသား ခရီးသည်တစ်ဦး၏ ပေါင်ပေါ် ထိုင်နေရင်း ၎င်းတို့နှစ်ဦး လိင်ဆက်ဆံနေခြင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ပထမ ဗီဒီယိုဖိုင်တွင် ခရီးသည် ငါးဦး (အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး) တို့သည် သုံးဘီးကား (တုတ်တုတ်) တစ်စီးဖြင့် လိုက်ပါသွားနေသည်ကို တွေ့ခဲ့ရသည်။ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦး၏ ရှေ့ဘက် ပေါင်ပေါ်တွင် တက်ထိုင်နေခဲ့ပြီး သူမ၏ စကတ်ကို မတင်ထားကာ နှစ်ဦးသား လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရသည်။ ယင်းဗီဒီယိုဖိုင်ကို Khun-Khachen ဆိုသည့် ဖေ့ဘွတ်ခ်အသုံးပြုသူတစ်ဦးက တင်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အဆိုပါ အမျိုးသမီး အလားတူအတိုင်း လုပ်နေခဲ့သည်ကို ရိုက်ကူးထားသည့် ဒုတိယဗီဒီယိုတစ်ခုကိုလည်း ၎င်းဖေ့ဘွတ်ခ်သုံးသူကပင် တင်ထားသေးသည်။ ယင်း ဗီဒီယိုထဲတွင် “အတွင်းခံ မပါဘူးလား” ဆိုသည့် အသံကိုပါ ကြားခဲ့ရသေးသည်။

ယင်း ဗီဒီယိုနှစ်ခုကို အွန်လိုင်းပေါ် ဝေမျှသူ များခဲ့ပြီးနောက် အွန်လိုင်းသုံးသူများက ဝိုင်းဝန်းဝေဖန်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံတွင် အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့၏ လုပ်ရပ်မှာ သင့်တော်ခြင်းမရှိဟု ပြစ်တင်ခဲ့ကြသည်။ အလားတူ ရဲတပ်ဖွဲ့အနေဖြင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးအရေးယူသင့်သည်ဟု ဖေ့ဘွတ်ခ် သုံးသူများက ရေးသားထားကြသည်။

ယင်း ဗီဒီယိုကို ဖေ့ဘွတ်ခ်ပေါ်မှ ဖယ်ရှားမခံရမီ ကြည့်ရှုမှုပေါင်း နှစ်သိန်းကျော် ရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။