Local News

၁၃ ႏွစ္အ႐ြယ္ သမီးေလးကို အႀကိမ္ႀကိမ္သားမယားျပဳက်င့္ခဲ့တဲ့ ေက်ာင္းထိုင္ဘုန္းႀကီး..

၁၃ ႏွစ္အ႐ြယ္ကို”မေအာ္နဲ႔ ေအာ္ရင္ဓါးႏွင့္ထိုးမယ္”ဟုေျပာဆိုကာအႀကိမ္ႀကိမ္သားမယားက်င့္သည့္ေက်ာင္းထိုင္ဘုန္းျကီး

၁၃ ႏွစ္အ႐ြယ္ေကာင္မေလးကိုအသက္၆၈ႏွစ္အ႐ြယ္ သက္န္းဝတ္ထားသူ ဦးစိုးျမင့္ ေခၚ ဦးမွတ္ကၿခိမ္းေျခာက္ၿပီးအႀကိမ္ႀကိမ္သားမယားက်င့္လို႔ ဆိုၿပီးတိုင္တန္းလို႔အမႈဖြင့္စစ္ေဆးၿပီတဲ့ ၂၃-၅-၂၀၂၀ေန႔ကလပြတၱာၿမိဳ႕နယ္၊ျပင္စလူနယ္ေျမရဲစခန္းအပိုင္၊——ေက်း႐ြာအုပ္စု၊—–ေက်း႐ြာေနေဒၚ——သည္ မိမိတို႔၏အသက္(၁၃)ႏွစ္အ႐ြယ္ေမြးစားသမီးငယ္မ——- အားၿခိမ္းေျခာက္၍သားမယားအျဖစ္ျပဳက်င့္ခဲ့သူယင္းၿမိဳ႕နယ္၊သေျပေခ်ာင္းအုပ္စု၊ဝဲေဒါင့္ေက်း႐ြာ”ပညာလကၤာေက်ာင္း”တြင္သီတင္းသုံးေနထိုင္ေသာ သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္(ဘ)ဦးမွတ္၊အသက္(၆၈)ႏွစ္အား ဥပေဒအရအမႈဖြင့္အေရးယူေပးပါရန္

ျပင္စလူရဲတပ္ဖြဲ႕စခန္းမႉးထံတိုင္ၾကားခဲ့ေၾကာင္းသိရွိရပါသည္။ျဖစ္စဥ္မွာလပြတၱာၿမိဳ႕နယ္၊ျပင္စလူရဲစခန္း အပိုင္၊——-အုပ္စု၊——-ေက်း႐ြာေန၊လယ္လုပ္ငန္းလုပ္ကိုင္သူ တရားလိုေဒၚ——(ဗမာ/ဗုဒၶ)ႏွင့္ခင္ပြန္းတို႔သည္ တစ္႐ြာတည္းေန(ဦး—— + ေဒၚ——-)တို႔ကြယ္လြန္သြားၾက၍ ၎တို႔၏အသက္(၁၃)ႏွစ္အ႐ြယ္သမီးငယ္မ-အားေမြးစားခဲ့ၾကသည္။

တရားလိုျဖစ္သူေဒၚ——–တို႔မိသားစုမွာဗုဒၶဘာသာကိုယုံၾကည္ကိုးကြယ္ၾကသူမ်ားျဖစ္သည့္အေလွ်ာက္ လပြတၱာၿမိဳ႕နယ္၊သေျပေခ်ာင္းအုပ္စုဝဲေဒါင့္ေက်း႐ြာရွိ”ပညာလကၤာေက်ာင္း”တြင္သီတင္းသုံးေနထိုင္ေသာ သကၤန္းဝတ္ဦးေဇာတိက(ခ)လူအမည္ဦးစိုးျမင့္-အသက္(၆၈)ႏွစ္အား- သိကၡာထပ္၍ရဟန္းဒါယကာ/ဒါယိကာမအျဖစ္လႉဖြယ္ပစၥည္းမ်ားလႉဒါန္းခဲ့ၾကပါသည္။

သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္သည္ တရားလိုရဟန္းဒါယိကာမ ေဒၚ—– တို႔မိသားစုေနအိမ္သို႔မၾကာခဏလာေရာက္ၿပီးေနထိုင္ေလ့ရွိရာမွ ဧၿပီလ(၁၇)ေန႔ည(၈)နာရီအခ်ိန္တြင္ တရားလိုျဖစ္သူေဒၚ——သည္ ယင္းတို႔ေက်း႐ြာေဈးဆိုင္မွေဈးဝယ္၍အိမ္သို႔ျပန္လာစဥ္ေမြးစားသမီးျဖစ္သူမ———အသက္(၁၃)ႏွစ္အားေနအိမ္အျပင္ဘက္ မွေခၚၾကည့္ရာ ၎ေမြးစားသမီးမွာမိမိတို႔အိမ္တြင္ေရာက္ရွိသီတင္းသုံးေနေသာ

သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္၏ျခင္ေထာင္အတြင္းမွ ေဘာင္းဘီမပါပဲေအာက္ပိုင္းဗလာျဖင့္ ေနအိမ္အိပ္ခန္းအတြင္းသို႔ေျပးဝင္သြားခဲ့ၿပီးေနာက္ ေဘာင္းဘီဝတ္ကာျပန္ထြက္လာသျဖင့္တရားလိုေဒၚ—-မွေမးျမန္းရာ သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္မွသူမအားခိုင္းေစ၍ျခင္ေထာင္အတြင္းတြင္ ႏွိပ္ေပးေနစဥ္”ေအာ္ရင္ဓါးႏွင့္ထိုးသတ္မယ္”ဟုၿခိမ္းေျခာက္ကာသူမ၏ေဘာင္းဘီအားခြၽတ္၍ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္းသိရသည္။

ထိုေနာက္ ေမလ(၄)ရက္ေန႔တြင္လည္း တရားလိုျဖစ္သူေဒၚ—–ႏွင့္ခင္ပြန္းတို႔ လပြတၱာၿမိဳ႕သို႔ေရာက္ေနစဥ္ သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္မွေရွးနည္းအတိုင္းသူမအားျခင္ေထာင္အတြင္းႏွိပ္ခိုင္းေစ၍ ႏွိပ္ေပးေနစဥ္ေဘာင္းဘီကိုဆြဲခြၽတ္ကာ “မေအာ္နဲ႔ ေအာ္ရင္ဓါးႏွင့္ထိုးမယ္”ဟုေျပာဆိုကာထပ္မံ၍သားမယားအျဖစ္ျပဳက်င့္ခဲေၾကာင္းကို ေမြးစားသမီးမ—–မွ တရာလိုျဖစ္သူမိမိထံသို႔ဖုံးျဖင့္ဆက္သြယ္ေျပာဆိုသိရွိရကာ မိမိတို႔၏ေမြးစားသမီးအားၿခိမ္းေျခာက္၍သားမယားျပဳက်င့္ခဲ့သူ လပြတၱာၿမိဳ႕နယ္၊သေျပေခ်ာင္းအုပ္စု ဝဲေဒါင့္ေက်း႐ြာရွိ”ပညာလကၤာေက်ာင္း”ထိုင္ျဖစ္သူ သကၤန္းဝတ္ဦးေဇာတိက(ခ)ဦးစိုးျမင့္အားအေရးယူေပးပါရန္ လပြတၱာၿမိဳ႕နယ္ ျပင္စလူရဲတပ္ဖြဲ႕စခန္းမႉးရဲအုပ္ၾကည္စိုးႏိုင္ထံသို႔တိုင္ၾကားခဲ့ေၾကာင္း သိရွိရပါသည္။

သားမယားအျဖစ္ျပဳက်င့္သူဦးေဇာတိက(ခ)ဦးစိုးျမင့္မွအစစ္ခံထြက္ဆိုရာတြင္”မိမိမွာ ဦးမွတ္၏ေမြးခ်င္း(၁၀)ဦးအနက္(၆)ေယာက္ ေျမာက္ျဖစ္ၿပီး အသက္{၁၈)ႏွစ္ခန႔္အ႐ြယ္တြင္ ဖ်ာပုံၿမိဳ႕နယ္ေဒၚ—–ႏွင့္အိမ္ေထာင္က်ၿပီးသမီးတစ္ဦးထြန္းကားကာ ဇနီးျဖစ္သူကြယ္လြန္ခဲ့၍ သေျပေခ်ာင္းအုပ္စု ဝဲေဒါင့္ေက်း႐ြာရွိဘုန္းႀကီးေက်ာင္းတြင္ေနထိုင္ခဲ့ေၾကာင္း၊ ဝဲေဒါင့္ေက်း႐ြာရွိ’ပညာလကၤာေက်ာင္း’တြင္ ေက်ာင္းထိုင္ဘုန္းႀကီးအျဖစ္(၈)ႏွစ္ခန႔္ေနထိုင္ကာ လြန္ခဲ့ေသာ(၃)ႏွစ္ခန႔္က—-ေက်း႐ြာေနတရာလိုျဖဝ္သူေဒၚ—–ႏွင့္ခင္ပြန္းတို႔မွရဟန္းဒါယကာ/ ဒါယိကာမမ်ားအျဖစ္သိကၡာထပ္၍၎တို႔အိမ္သို႔မၾကာခဏသြားေရာက္ေနခဲ့သည္။

ထိုကဲ့သို႔ျဖင့္ လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ခန႔္က တရားလိုျဖစ္သူမိမိ၏ရဟန္းဒါယိကာမေဒၚ—— ၏ေမြးစားသမီးမ——-အား ျခင္ေထာင္ထဲတြင္တစ္ႀကိမ္၊ ျပာသိုလထဲတြင္တစ္ႀကိမ္၊ ၁၃၈၂ခု တန္ခူးလဆုတ္-၁၀ရက္(၁၇-၄-၂၀၂၀)ေန႔တြင္တစ္ႀကိမ္ ယခင္နည္းအတိုင္း သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း”ကို အစစ္ခံထြက္ဆိုခ်က္ေပးခဲ့သည္။

သို႔ျဖစ္ပါ၍ လပြတၱာၿမိဳ႕နယ္၊ ျပင္စလူရဲစခန္းမွ ၿခိမ္းေျခာက္၍သားမယားျပဳက်င့္ခဲ့သူဦးေဇာတိက(ခ)ဦးစိုးျမင့္အား (ပ)၇၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္အမႈစစ္ စခန္းမႉးရဲအုပ္ၾကည္စိုးႏိုင္မွအေရးယူေဆာင္လွ်က္ၿပီး လုပ္ထုံးလုပ္ငန္းမ်ားႏွင့္အညီထိထိေရာက္ေရာက္အျမန္ဆုံးအေရးတရားစြဲဆိုႏႈိင္ေရးေဆာင္႐ြက္လွ်က္ရွိေၾကာင္း သတင္းရရိပါသည္။

ေ႐ႊသေျပ(UMB)

SH သတင္းဌာန

ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္

အမွန္တရားသတင္းဂ်ာနယ္

Unicode

၁၃ နှစ်အရွယ်ကို”မအော်နဲ့ အော်ရင်ဓါးနှင့်ထိုးမယ်”ဟုပြောဆိုကာအကြိမ်ကြိမ်သားမယားကျင့်သည့်ကျောင်းထိုင်ဘုန်းကြီး

၁၃ နှစ်အရွယ်ကောင်မလေးကိုအသက်၆၈နှစ်အရွယ် သက်န်းဝတ်ထားသူ ဦးစိုးမြင့် ခေါ် ဦးမှတ်ကခြိမ်းခြောက်ပြီးအကြိမ်ကြိမ်သားမယားကျင့်လို့ ဆိုပြီးတိုင်တန်းလို့အမှုဖွင့်စစ်ဆေးပြီတဲ့ ၂၃-၅-၂၀၂၀နေ့ကလပွတ္တာမြို့နယ်၊ပြင်စလူနယ်မြေရဲစခန်းအပိုင်၊——ကျေးရွာအုပ်စု၊—–ကျေးရွာနေဒေါ်——သည် မိမိတို့၏အသက်(၁၃)နှစ်အရွယ်မွေးစားသမီးငယ်မ——- အားခြိမ်းခြောက်၍သားမယားအဖြစ်ပြုကျင့်ခဲ့သူယင်းမြို့နယ်၊သပြေချောင်းအုပ်စု၊ဝဲဒေါင့်ကျေးရွာ”ပညာလင်္ကာကျောင်း”တွင်သီတင်းသုံးနေထိုင်သော သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်(ဘ)ဦးမှတ်၊အသက်(၆၈)နှစ်အား ဥပဒေအရအမှုဖွင့်အရေးယူပေးပါရန်

ပြင်စလူရဲတပ်ဖွဲ့စခန်းမှူးထံတိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။ဖြစ်စဉ်မှာလပွတ္တာမြို့နယ်၊ပြင်စလူရဲစခန်း အပိုင်၊——-အုပ်စု၊——-ကျေးရွာနေ၊လယ်လုပ်ငန်းလုပ်ကိုင်သူ တရားလိုဒေါ်——(ဗမာ/ဗုဒ္ဓ)နှင့်ခင်ပွန်းတို့သည် တစ်ရွာတည်းနေ(ဦး—— + ဒေါ်——-)တို့ကွယ်လွန်သွားကြ၍ ၎င်းတို့၏အသက်(၁၃)နှစ်အရွယ်သမီးငယ်မ-အားမွေးစားခဲ့ကြသည်။

တရားလိုဖြစ်သူဒေါ်——–တို့မိသားစုမှာဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြသူများဖြစ်သည့်အလျှောက် လပွတ္တာမြို့နယ်၊သပြေချောင်းအုပ်စုဝဲဒေါင့်ကျေးရွာရှိ”ပညာလင်္ကာကျောင်း”တွင်သီတင်းသုံးနေထိုင်သော သင်္ကန်းဝတ်ဦးဇောတိက(ခ)လူအမည်ဦးစိုးမြင့်-အသက်(၆၈)နှစ်အား- သိက္ခာထပ်၍ရဟန်းဒါယကာ/ဒါယိကာမအဖြစ်လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။

သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်သည် တရားလိုရဟန်းဒါယိကာမ ဒေါ်—– တို့မိသားစုနေအိမ်သို့မကြာခဏလာရောက်ပြီးနေထိုင်လေ့ရှိရာမှ ဧပြီလ(၁၇)နေ့ည(၈)နာရီအချိန်တွင် တရားလိုဖြစ်သူဒေါ်——သည် ယင်းတို့ကျေးရွာဈေးဆိုင်မှဈေးဝယ်၍အိမ်သို့ပြန်လာစဉ်မွေးစားသမီးဖြစ်သူမ———အသက်(၁၃)နှစ်အားနေအိမ်အပြင်ဘက် မှခေါ်ကြည့်ရာ ၎င်းမွေးစားသမီးမှာမိမိတို့အိမ်တွင်ရောက်ရှိသီတင်းသုံးနေသော

သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်၏ခြင်ထောင်အတွင်းမှ ဘောင်းဘီမပါပဲအောက်ပိုင်းဗလာဖြင့် နေအိမ်အိပ်ခန်းအတွင်းသို့ပြေးဝင်သွားခဲ့ပြီးနောက် ဘောင်းဘီဝတ်ကာပြန်ထွက်လာသဖြင့်တရားလိုဒေါ်—-မှမေးမြန်းရာ သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်မှသူမအားခိုင်းစေ၍ခြင်ထောင်အတွင်းတွင် နှိပ်ပေးနေစဉ်”အော်ရင်ဓါးနှင့်ထိုးသတ်မယ်”ဟုခြိမ်းခြောက်ကာသူမ၏ဘောင်းဘီအားချွတ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ထိုနောက် မေလ(၄)ရက်နေ့တွင်လည်း တရားလိုဖြစ်သူဒေါ်—–နှင့်ခင်ပွန်းတို့ လပွတ္တာမြို့သို့ရောက်နေစဉ် သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်မှရှေးနည်းအတိုင်းသူမအားခြင်ထောင်အတွင်းနှိပ်ခိုင်းစေ၍ နှိပ်ပေးနေစဉ်ဘောင်းဘီကိုဆွဲချွတ်ကာ “မအော်နဲ့ အော်ရင်ဓါးနှင့်ထိုးမယ်”ဟုပြောဆိုကာထပ်မံ၍သားမယားအဖြစ်ပြုကျင့်ခဲကြောင်းကို မွေးစားသမီးမ—–မှ တရာလိုဖြစ်သူမိမိထံသို့ဖုံးဖြင့်ဆက်သွယ်ပြောဆိုသိရှိရကာ မိမိတို့၏မွေးစားသမီးအားခြိမ်းခြောက်၍သားမယားပြုကျင့်ခဲ့သူ လပွတ္တာမြို့နယ်၊သပြေချောင်းအုပ်စု ဝဲဒေါင့်ကျေးရွာရှိ”ပညာလင်္ကာကျောင်း”ထိုင်ဖြစ်သူ သင်္ကန်းဝတ်ဦးဇောတိက(ခ)ဦးစိုးမြင့်အားအရေးယူပေးပါရန် လပွတ္တာမြို့နယ် ပြင်စလူရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်ကြည်စိုးနိုင်ထံသို့တိုင်ကြားခဲ့ကြောင်း သိရှိရပါသည်။

သားမယားအဖြစ်ပြုကျင့်သူဦးဇောတိက(ခ)ဦးစိုးမြင့်မှအစစ်ခံထွက်ဆိုရာတွင်”မိမိမှာ ဦးမှတ်၏မွေးချင်း(၁၀)ဦးအနက်(၆)ယောက် မြောက်ဖြစ်ပြီး အသက်{၁၈)နှစ်ခန့်အရွယ်တွင် ဖျာပုံမြို့နယ်ဒေါ်—–နှင့်အိမ်ထောင်ကျပြီးသမီးတစ်ဦးထွန်းကားကာ ဇနီးဖြစ်သူကွယ်လွန်ခဲ့၍ သပြေချောင်းအုပ်စု ဝဲဒေါင့်ကျေးရွာရှိဘုန်းကြီးကျောင်းတွင်နေထိုင်ခဲ့ကြောင်း၊ ဝဲဒေါင့်ကျေးရွာရှိ’ပညာလင်္ကာကျောင်း’တွင် ကျောင်းထိုင်ဘုန်းကြီးအဖြစ်(၈)နှစ်ခန့်နေထိုင်ကာ လွန်ခဲ့သော(၃)နှစ်ခန့်က—-ကျေးရွာနေတရာလိုဖြဝ်သူဒေါ်—–နှင့်ခင်ပွန်းတို့မှရဟန်းဒါယကာ/ ဒါယိကာမများအဖြစ်သိက္ခာထပ်၍၎င်းတို့အိမ်သို့မကြာခဏသွားရောက်နေခဲ့သည်။

ထိုကဲ့သို့ဖြင့် လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က တရားလိုဖြစ်သူမိမိ၏ရဟန်းဒါယိကာမဒေါ်—— ၏မွေးစားသမီးမ——-အား ခြင်ထောင်ထဲတွင်တစ်ကြိမ်၊ ပြာသိုလထဲတွင်တစ်ကြိမ်၊ ၁၃၈၂ခု တန်ခူးလဆုတ်-၁၀ရက်(၁၇-၄-၂၀၂၀)နေ့တွင်တစ်ကြိမ် ယခင်နည်းအတိုင်း သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း”ကို အစစ်ခံထွက်ဆိုချက်ပေးခဲ့သည်။

သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ်၊ ပြင်စလူရဲစခန်းမှ ခြိမ်းခြောက်၍သားမယားပြုကျင့်ခဲ့သူဦးဇောတိက(ခ)ဦးစိုးမြင့်အား (ပ)၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုစစ် စခန်းမှူးရဲအုပ်ကြည်စိုးနိုင်မှအရေးယူဆောင်လျှက်ပြီး လုပ်ထုံးလုပ်ငန်းများနှင့်အညီထိထိရောက်ရောက်အမြန်ဆုံးအရေးတရားစွဲဆိုနှိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရိပါသည်။

ရွှေသပြေ(UMB)

SH သတင်းဌာန

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

အမှန်တရားသတင်းဂျာနယ်