Local News Uncategorized

၈နှစ်သမီးလေးကို ပါးစပ်အား အဝတ်စုတ်ဖြင့် ပိတ်ပြီး လူမဆန်စွာ သားမယားပြုကျင့်ခဲ့တဲ့ လူ့တိရစ္ဆာန်..


ကြံခင်း ဇွန် ၂၃/၂၀၂၀





Unicode

အသက်(၈)နှစ်အရွယ်အမျိုး သမီးငယ်အားသားမယားပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

ကြံခင်း ဇွန် ၂၃/၂၀၂၀

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ဘက်ရဲမြို့ရဲစခန်းပိုင်နယ်မြေ ရှောက်ခုံကျေးရွာအုပ်စုတွင်ဇွန်လ၂၁ ရက်နေ့၌(၈)နှစ်အရွယ်အမျိုးသမီးငယ် အားသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာရှောက်ခုံကျေးရွာအုပ်စု နေမိခင်ဖြစ်သူအိမ်မှာရှိနေစဉ် သမီးဖြစ်သူမကေသီ(အမည်လွှဲ)မှနေအိမ်ချင်းကပ်လျက် ခြေရင်းဘက်တွင်နေထိုင်သူခင်ပွန်း၏ဦးလေးတော်စပ်သူနေအိမ်သို့သွားရောက်ဆော့ကစားနေစဉ်(၂၀)မိနစ်ခန့်အကြာ၌ မိခင်ဖြစ်သူမှသမီးအား လှမ်းခေါ်သဖြင့် ပြန်ရောက်ရှိလာကြောင်းဆိုသည်။

ညနေ ၆ နာရီခန့်အချိန်တွင်သမီးဖြစ်သူ မကေသီ(အမည်လွှဲ)မှနေအိမ်အိမ်နောက်ဘက်တွင်ဆီးသွားစဉ်စပ်တယ်ဟုပြောဆိုနေသဖြင့်မိခင်ဖြစ်သူမှသမီးအားမေးမြန်းခဲ့ရာ အိမ်ချင်းကပ်ခြေရင်းဘက်တွင်နေထိုင်သူခင်ပွန်း၏ဦးလေး၏ သားဖြစ်သူ မှကျော်လင်းထွန်း(ခ)ကိုဝိုင်း(၂၆)နှစ်မှ နေအိမ် ပေါ်တွင် မကေသီ(အမည်လွှဲ)၏စကပ်အား လှန်၍ဘောင်းဘီအားဒူးအောက်အထိဆွဲချွတ်ခဲ့ ပြီးပါးစပ်အားအဝတ်စုတ်ဖြင့်ပိတ်ခဲ့၍သားမယား အဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့ကြောင်းဆိုသည်။

သမီးဖြစ်သူ၏ဖြစ်စဉ်အား ခင်ပွန်းနှင့်မိသားစု ဝင်များအားပြောပြခဲ့သော်လည်း၊ခင်ပွန်းဖြစ်သူနှင့်ဆွေမျိုးတော်စပ်နေသဖြင့်အမှုဖွင့်လှစ်လိုခြင်းမ ရှိသော်လည်းပတ်ဝန်းကျင်၏လှုံ့ဆော်မှုကြောင့် ဇွန်လ ၂၂ ရက်နေ့တွင်ဘက်ရဲနယ်မြေရဲစခန်းသို့ မိခင်ဖြစ်သူမှတိုင်တန်းခဲ့ရာ နယ်မြေရဲစခန်းမှ(ပ) ၃၃၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်ကျော်လင်းထွန်း(ခ)ကိုဝိုင်းအားအမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်းနယ်မြေရဲစခန်းမှသိရသည်။