Astrology

{23.6.2020] မှ [29.6.2020] ထိ တစ်ပတ်စာကံကြမ္မာအဟော

ဆရာဟိန်းတင့်ဇော် ရဲ့ {23.6.2020] မှ [29.6.2020] ထိ တစ်ပတ်စာကံကြမ္မာအဟော

တနင်္ဂနွေသားသမီးများအတွက်

လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ။ ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။

ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ် ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၆၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။

ယတြာ….. ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ ရှောက်သီးသုတ် လှူဒါန်းလိုက်ပါလေ။

တနင်္လာသားသမီးများအတွက်

မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ ၇၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်း တက်စရာတွေလည်း ကြုံမယ်။

နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ စပ်တူ စာချုပ်ကိစ္စ တွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ ဆီး၊ မျက်စိ အာရုံကြော၊ ဝမ်းဗိုက်၊ ရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

ယတြာ…. ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် တံခွန် အဖြူကိုးလက် လှူဒါန်း၍ ဆုတောင်းပါလေ။ အိမ်ဘုရားတွင် နွားနို့နှင့် ကိတ်မုန့် လှူဒါန်းနိုင်သည်။

အင်္ဂါသားသမီးများအတွက်

မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။  တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။

မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ…… ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် ဘုရားတစ်ဆူဆူမှာ ထီးဖြူ (၇) လက် လှူဒါန်းပါ။ ဗုဒ္ဓေါဂုဏ်တော် ပုတီးစိပ်ပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက်

နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ အဆင်မပြေ လွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို ၊ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံေတွေ အလုပ်ဖြစ်မယ်။

အိမ်ထောင်ရွင်ျမား၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစာျးမားကေတာ့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမြိုး ကြုံလာတတ်ပါတယ်။ မထင်မွတ်ဘဲ အိမ်အလုပ်၊နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အေရးတွေ ကြုံတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ ငွေကံကေတာ့ အေတ်ာလေး နိမ့်နေပါတယ်။ ငျွေမာျးမား ရွိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွား တတ်ပါတယ်။ (၃၁) အတွဲလိုက် စတဲ့ ထီလက်မွတ်ကို ရွာပြီး ထိုးသင့်ပါတယ်။

ယတြာ… ညံ့တာတွေ ပျြေပောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းနို့ခေါက်ဆွဲ (၄) ပွဲ လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ကြာသပတေးသားသမီးများအတွက်

ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။

လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။ စပ်တူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အနည်းငယ် ညံ့နေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၃ . ၅၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။

ယတြာ…. ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ပေါက်စီ (၅) လုံး လှူဒါန်း၍ ဆုတောင်းပါလေ။

သောကြာသားသမီးများအတွက်

မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ် ပါတယ်။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။

ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အပူလောင်တာတို့ ဓါတ်လိုက်တာတို့ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ခေတ္တခန ဝေးကွာရကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် (၆၆ . ၁၁ )အတွဲလိုက် စတဲ့နံပတ်ရှာပြီး ထိုးပါ။

ယတြာ…. ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းညွန့် (၆) ညွန့် လှူဒါန်း၍ ဆုတောင်းပါ။

စနေသားသမီးများအတွက်

ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။

ချစ်သူရည်စား များအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ တမင် ရန်စနှောက် ယှက်တာ မျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၂ . ၄၄ -အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ…… ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကြက်လျှာ (၆)လက်တွင် ဆုတောင်းစာ ရေး၍ လှူဒါန်းပါလေ။

Credit : ဗေဒင်ရွာ